ကွန်ပျုတာပြင်ပေးတဲ့သူတွေတွေ့ရတဲ့ အကြီးဆုံးဒုက္ခက ပျက်တဲ့
ကွန်ပျုတာပိုင်ရှင်ရဲ့ ဘာဖြစ်လည်း
သေချာမပြောနိုင်လို့ ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်ပြီး ရမ်းကုလုပ်ပေးရတာပါ ။
ထိုပြဿနာကို ဖြေရှင်းရန် Microsoft သည် Windows 7 မှစ၍ Problem Steps
Recorder ဆိုတဲ့ အရမ်းအရမ်းကို ပက်ပက်စက်စက် အသုံးဝင်တဲ့ Tool တစ်ခုကို
ထည့်ပေးထားပါတယ်။
PSR သည် Application တစ်ခုကြောင့်
Error တက်တာ Crashed ဖြစ်တာစသည်တို့ကို User တစ်ယောက်သုံးနေရင်းနဲ့
ဘယ်လိုလုပ်ခဲ့လို့ ဘယ်လိုဖြစ်လာလည်းဆိုတာကို Step-by-step အဆင့်တိုင်းက Information မှန်သမျှကို Record လုပ်ပေးပါတယ်။
PSR ကို ဖွင့်ဖို့အတွက် Windows 7 Start Menu မှာ ပုံတွင်ပြထားသကဲ့သို့ ဖွင့်ပြီး ခေါ်နိုင်ပါသည်။