ထိုပြဿနာကို ဖြေရှင်းရန် Microsoft သည် Windows 7 မှစ၍ Problem Steps Recorder ဆိုတဲ့ အရမ်းအရမ်းကို ပက်ပက်စက်စက် အသုံးဝင်တဲ့ Tool တစ်ခုကို ထည့်ပေးထားပါတယ်။
PSR သည် Application တစ်ခုကြောင့် Error တက်တာ Crashed ဖြစ်တာစသည်တို့ကို User တစ်ယောက်သုံးနေရင်းနဲ့ ဘယ်လိုလုပ်ခဲ့လို့ ဘယ်လိုဖြစ်လာလည်းဆိုတာကို Step-by-step အဆင့်တိုင်းက Information မှန်သမျှကို Record လုပ်ပေးပါတယ်။
PSR ကို ဖွင့်ဖို့အတွက် Windows 7 Start Menu မှာ ပုံတွင်ပြထားသကဲ့သို့ ဖွင့်ပြီး ခေါ်နိုင်ပါသည်။
ထို့နောက် PSR ပွင့်လာတာနဲ့ Start Record ဆိုတာလုပ်ပြီး စမှတ်နိုင်ပါပြီ။
သို့သော် PSR သည် မိမိရိုက်လိုက်တဲ့ Text မှန်သမျှကို Record လုပ်ခြင်းမရှိတဲ့အတွက် အဆင့်တစ်ခုမှာ မေးစရာ၊ ပြောစရာတစ်ခုခုရှိပါက ပုံမှာတွေ့ရသလို Add Comment ကိုနှိပ်ပြီး ပြောချင်တာကို ထည့်ပေးနိုင်ပါတယ်။
ပြီးဆုံးပါက Stop Record လုပ်တာနဲ့ ဘယ်မှာသိမ်းထားချင်လည်း Windows ပေါ်လာပါမယ်။ PSR သည် သိမ်းရင် Zip File အနေနဲ့သိမ်းထားပါသည်။
သိမ်းထားတဲ့ PSR ကိုဖွင့်ကြည့်ပါက ပထမဆုံး Unzip လုပ်လိုက်တာနဲ့ MHTML ဆိုတဲ့ Web Page Archive File တစ်ခုထွက်လာပါမယ်။ ထိုဖိုင်လ်ကို Internet Explorer နှင့် Firefox တွင်ဖွင့်ပြီးပါက အောက်မှာပြထားသကဲ့သို့ Web Page တစ်ခုတွေ့ရပါမယ်။
ထို့နောက် Slide show ဆိုတာနှိပ်ပြီး ပြန်ကြည့်နိုင်ပါပြီ။
0 comments:
Post a Comment