ဒီနည်းက Microsoft ကပေးထားတဲ့ ဝင်းဒိုးပြုပြင်နည်းတွေထဲက တခုပါပဲ..။ အခုဒီနည်းကို လက်ရှိဝင်းဒိုးကောင်းနေတဲ့ အချိန်မှာကတည်းက လုပ်ပေးထားကြပါ..။ ဝင်းဒိုးထဲမှာ ရှိနေတဲ့ Setting တွေနဲ့ System အပိုင်းတွေကို အားလုံး ပုံမှန်အတိုင်း အလုပ်လုပ်နိုင်အောင် CMD ထဲကနေ ကွန်ပျူတာကို ပြန်ပြီး လုပ်ခိုင်းတာ ဖြစ်တဲ့အတွက် ဆော့ဝဲလ်တွေ သုံးစရာ မလိုတဲ့ အတော်လေး ကောင်းတဲ့ ၊ အသုံးဝင်တဲ့ နည်းလေးပါ..။ ဒီ Sc Command တွေအားလုံး ရိုက်ထည့်ပြီးသွားရင် စက်ကို Restart ချပေးလိုက်ပါ..။ အောက်မှာ ဒီ Sc Command တွေကို ရေးပေးထားပါတယ်..။ ဒီစာသားတွေကို မိမိတို့ဝင်းဒိုးရဲ့ Notepad မှာ copy-paste နဲ့ ကူးထည့်ပြီး သေချာ သိမ်းထားလိုက်ပါဗျာ..။ ကွန်ပျူတာဝိစ္စာလို့ ပြောရမယ့် PRO တစ်ယောက်ဖြစ်ချင်ရင်တော့ ဒီ Sc Command တွေနဲ့ နောက်ပိုင်း တင်ပေးမယ့် CMD အသုံးပြုနည်းတွေမှာ ပါလာမယ့် စာသားတွေကို အာဂုံဆောင် အလွှတ်ရအောင် ကျက်မှတ်ထားဖို့ လိုအပ်ပါတယ်..။ ရိုးရိုးအပျော်တမ်းသမား တွေနဲ့ နည်းပညာ လေ့လာလိုက်စားတဲ့ ဝါသနာရှင်တွေကတော့ ဒီစာသားတွေကို Notepad ကနေ copy-paste နဲ့ CMD လို့ခေါ်တဲ့ ဝင်းဒိုး Command Prompt ထဲမှာ ကူးထည့်ပြီး Enter ခေါက်သွားလိုက်ရင် အဆင်ပြေပါပြီ..။ Command Prompt မှာလည်း Internal Command Prompt နဲ့ External Command Prompt ဆိုပြီး ခွဲထားတာမို့ ဒီးနည်းကို Internal Command Prompt မှာပဲ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဝင်ဒိုးဆေးရဲ့ အာနိသင်ကို ရှင်းပြရင်း စာလည်း ရှည်သွားပြီမို့ ဆက်လက်ပြီး အသုံးပြုနည်းကို အားလုံးပဲ အသုံးပြုတတ်အောင် အောက်မှာ ပုံလေးတွေနဲ့ပါ ပြပေးထားပါတယ်..။ အမှားမဖြစ်နိုင်တဲ့အတွက် ကွန်ပျူတာကိုင်တာ သိပ်မကျွမ်းကျင်သေးတဲ့သူများပါ အောက်ကပုံလေးတွေ အတိုင်း တခုချင်းစီ လုပ်ပေးနိုင်ပါတယ်..။ ဝင်းဒိုးတိုင်းမှာ လုပ်ရမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်ကြည့်ပေးပါ..။
Sc Command - ဒီအောက်က စာသားတွေကို Notepad မှာ copy-paste နဲ့ မှတ်ထားလိုက်ပါ..။ ပြီးရင်တော့ အောက်ဆုံးက ပုံတွေအတိုင်း လုပ်ပေးပါ..။
sc
sc start
sc pause
sc interrogate
sc stop
sc config
sc description
sc failure
sc failureflag
sc sidtype
sc privs
sc qc
sc qdescription
sc qfailure
sc qfailureflag
sc qsidtype
sc qprivs
sc qtriggerinfo
sc qpreferrednode
sc delete
sc create
sc control
sc sdshow
sc sdset
sc showid
sc query
sc query eventlog
sc queryex eventlog
sc query type= driver
sc query type= service
sc query state= all
sc query bufsize= 50
sc query ri= 14
sc queryex group= ""
sc query type= interact
sc query type= driver group= NDIS
exit
အရင်ဆုံး ဒီအောက်က ပုံမှာ ပြထားတဲ့ အတိုင်း ကီးဘုတ်မှ Windows Logo + R နဲ့ Run Box ကို ဖွင့်လိုက်ပါ..။ ပေါ်လာတဲ့ Run မှာ cmd လို့ စာရိုက်ပြီး OK သို့မဟုတ် Enter ခေါက်လိုက်ပါ..။
cmd box ပေါ်လာရင် copy လုပ်ထားတဲ့ sc command တွေကိုတစ်ခုချင်စီရိုက်ထည့်လိုက်ပါ....
၂ပိုင်းရှိပါတယ်အပေါ်ပိုင်းကုန်သွားရင်(Y or N) ပြန်တောင်းပါလိမ့်မယ်
y ကိုပြန်ပေးလိုက်ပါဒုတိယအပိုင်းကိုပြန်ရိုက်ထဲ့ပေးပါအားလုံးကုန်သွားရင်တော့
နောက်ဆုံးမှာExitနဲ့ပြန်ထွက်လိုက်ပါပြီးရင်computerကို
restart ချပေးလိုက်ပါ.........။
ပြန်တက်လားရင်တော့သင့်စက် good good good ဖြစ်ပြီပေါ့ဗျာ....
စိတ်ချလက်ချသာသုံးလိုက်ပါ.........အားလုံးအဆင်ပြေပါနော်....။
0 comments:
Post a Comment