Windows တွေဟာ တစ်နှစ်ပြီးတစ်နှစ် ဗားရှင်းတွေ မြင့်မြင့်လာလိုက်တာ. အခုဆို Windows 8 ကိုတောင်ရောက်နေပြီ.. ကျွန်တော်တို့မြန်မာနိုင်ငံလည်း ခေတ်နှင့်အညီ အမီလိုက်နိုင်ဖို့ နောက်ဆုံးပေါ် ၀င်းဒိုးတွေကို တစ်ခွေ (၁၀၀၀) နဲ့ဝယ်ပြီး သွင်းနေကြတယ်ခင်ဗျ.. နောက်ဆုံးပေါ် OS ကို တင်ပြီး အသုံးပြုတာကတော့ အများဆုံး စာစီစာရိုက်ပါပဲ.. Microsoft ကပေးတဲ့ Windows Update ကို သိတောင် မသိပါဘူး.. သိလို့လည်းမရဘူးလေ Windows Update ကို ပိတ်တောင်ထားရတာမဟုတ်လား.. သူခိုးမိမှာစိုးလို့လေ.. ကျွန်တော်တို့ နောက်ဆုံးပေါ် OS ကိုတင်ပြီး စာစီစာရိုက်နဲ့ သာမန် ရုံးသုံး Application တွေကို သုံးနေကြတဲ့အခါ ခေတ်ကာလအရ တော်တော် နောက်ကျ နေခဲ့တဲ့ Application တွေကိုပဲ အသုံးပြုနေကြရတာပါ.. ဘာကြောင့်လဲဆိုတော့ OSကို နောက်ဆုံးပေါ်တင်ထားပေမယ့် လေ့လာ တတ်မြောက်မှုက XP မှာပဲ တစ်ဝဲလည်လည်ဖြစ်နေတာ User တွေရဲ့ 80% ဖြစ်မှာပါ..
ဒါဆိုရင် တင်ထားက Windows 7/8၊ သုံးနေတာက ခေတ်ဟောင်း Application၊ အဆင်မပြေမှုတွေနဲ့ ခဏခဏကြုံနေရတာပါပဲ.. ဥပမာအားဖြင့် Adobe Pagemaker 6.5 လိုဟာမျိုးပေါ့.. ဘာကြောင့်ပဲဖြစ်ဖြစ်.. အန်းတိတ် Application ကို ခေတ်ပေါ်
Windows တွေမှာ အဆင်ပြေအောင်ညှိယူကြတာပေါ့..
ဒီလို ညှိဖို့ကတော့ လူသုံးများတဲ့ Windows 7 ကို အခြေခံပြီး နည်းလမ်း (၂)မျိုးကိုပြောပြချင်ပါတယ်..
ပထမနည်း ( Troubleshoot ဖြင့် ညှိယူဖြေရှင်းခြင်း)
1.Desktop ၏ နေရာလွတ်တွင် ကလစ်တစ်ချက်ထောက်ပြီး F1 ကို နှိပ်ပါ.. (ကလစ်တစ်ချက်ထောက်ခြင်းမှာ Desktop တွင် Active ဖြစ်စေရန်ဖြစ်ပြီး F1 မှာ Windows Help and Support ကိုခေါ်ယူခြင်းဖြစ်သည်)
2.Search Help ဆိုသည့်ဘောက်တွင် Application Compatibility Troubleshooter ဟုရိုက်ထည့်ပြီး Enter ခေါက်ပါ. Application Compatibility Troubleshooter ၏ Best Result List ကျလာပါမည်.
3. ထို List ထဲမှာ ပထမဆုံး နံပတ်(၁)ဖြစ်သော Open the Program Compatibility troubleshooter ကိုနှိပ်ပါ..
.ထပ်ပေါ်လာသော စာမျက်နှာတွင် Click to open the Program Compatibility troubleshooter. ကို နှိပ်ပါ.
5.ထပ်ပေါ်လာသော စာမျက်နှာတွင် သာမန် အသုံးပြုသူများအနေဖြင့် Program Compatibility ဘောက်တွင် Next ကို ထပ်နှိပ်ပါ.. (ကျွမ်းကျင်သူမျာအဖို့ Advanced ကိုနှိပ်ကြသည် Advanced ကိုနှိပ်ပါက Administrator ဖြင့် Run ရမည်ဖြစ်ပြီး ပြဿနာမျာကို အလိုအလျောက် ဖြေရှင်းပေးနိုင်မည်ဖြစ်သည်.. သို့သော် ကျွမ်းကျင်သူများသာ သုံးသင့်သဖြင့် မရှင်းပြတော့ပါ). ၀င်းဒိုးက ပြဿနာဖြစ်နေသော အချက်အလက်များကို ရှာဖွေနေလိမ့်မယ်..
7.ထပ်ပေါ်လာသော ဘောက်တွင် Command နှစ်မျိုးပါဝင်သည်.. ပထမ တစ်မျိုးမှာ အလိုအလျောက်ပြင်ဆင်ခြင်းဖြစ်ပြီး ဒုတိယ တစ်မျိုးမှာ ပထမတစ်မျိုးဖြင့် အဆင်မပြေပါက တစ်ဆင့်ချင်း လုပ်ရသော command ဖြစ်သည်.. ထို Command ကိုနှိပ်ပြီး ကိုယ့်ပြဿနာအမျိုးအစားကို ရွေးကာ ပြဿာနာဖြေရှင်းရန် ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားရင် အဆင်ပြေပါလိမ့်မယ်..
ဒုတိယနည်း (Application Setting ဖြင့် ညှိယူဖြေရှင်းခြင်း)
1.အဆင်မပြေဖြစ်နေသော Application Program ၏ Shotcut icon (သို့မဟုတ်) Start>All Program> ထဲမှ Program ကို Right Click ခေါက်ပြီး Properties ကိုနှိပ်ပါ..
2. Properties Box ကျလာသောအခါ ထို ဘောက်၏ အပေါ်တန်းတွင် Compatibility ကိုတစ်ချက်နှိပ်ပါ..
3.Compatibility Mode တွင် Run this program in compatibility mode for ကို အမှန်ခြစ်ပေးပြီး ထိုစာနှင့်ကပ်လျက်အောက်တွင် OS အမျိုးအစားအလိုက် ( Windows XP service park 3, Windows XP service park 2 စသည်ဖြင့်)ရွေးချယ်ပေးရမည်..
1.အဆင်မပြေဖြစ်နေသော Application Program ၏ Shotcut icon (သို့မဟုတ်) Start>All Program> ထဲမှ Program ကို Right Click ခေါက်ပြီး Properties ကိုနှိပ်ပါ..
2. Properties Box ကျလာသောအခါ ထို ဘောက်၏ အပေါ်တန်းတွင် Compatibility ကိုတစ်ချက်နှိပ်ပါ..
3.Compatibility Mode တွင် Run this program in compatibility mode for ကို အမှန်ခြစ်ပေးပြီး ထိုစာနှင့်ကပ်လျက်အောက်တွင် OS အမျိုးအစားအလိုက် ( Windows XP service park 3, Windows XP service park 2 စသည်ဖြင့်)ရွေးချယ်ပေးရမည်..
4.ရွေးချယ်ပြီးပါက Apply ကိုတစ်ချက်နှိပ်ပြီး OK ကိုနှိပ်လိုက်ရင်ရပါပြီ..
အဆင်ပြေပါစေ...
အဆင်ပြေပါစေ...
0 comments:
Post a Comment