Blogger Widgets

Saturday, February 23, 2013

Windows 8 သမားတွေရော Programming လေ့လာနေသူတွေရောဖတ်ဖို့


Windows 8 ကို တော်တော်ကြာသုံးပြီးတဲ့အခါ သူ့ရဲ့ Task Bar မှာ Start Button မပါတာကို
နည်းနည်းကသိကအောက်ဖြစ်လာပါတယ် .. ( Microsoft ကတော့ ဘယ်လို ရည်ရွယ်ချက်နဲ့
ဒီလို ဒီဇိုင်းကို ရေးဆွဲထားလဲ မသိပေမယ့် တစ်ခုခုလုပ်ချင်ပြီဆို မောက်စ်ကို Desktop ရဲ့
ညာဖက်ဒေါင့်ပေါ်ရွှေ့ရွှေ့ပေးနေရတာက နည်းနည်းအလုပ်ရှုပ်သလို ခံစားလာမိပါတယ် )
ဒီပို့စ်လေးမှာ ကျွန်တော့်လိုပဲ ခံစားနေရတဲ့ သူငယ်ချင်းတွေအတွက်
(Windows 8 မှာ ကိုယ့်စိတ်ကြိုက် Start Button လေး
ထည့်ပုံထည့်နည်းကို မျှဝေပေးမှာ ဖြစ်ပါတယ် ..   




အရင်က ပို့စ်တစ်ခုမှာလည်း Winsdows 8 မှာ start button ထည့်နည်းကို အသုံးပြုရမယ့်
ဆော့ဝဲနဲ့အတူ ကျွန်တော် တင်ပေးခဲ့ဖူးပါတယ် ..
ဒါပေမယ့် အဲဒီနည်းရဲ့အားနည်းချက်က Start Button အတွက် သုံးထားတဲ့ shell ဆော့ဝဲရဲ့
memory အသုံးပြုမှုဟာ လိုတာထက်ပိုပြီး မြင့်နေတဲ့အတွက် ကျွန်တော်လည်း စမ်းသုံးကြည့်ရင်း
မကြာခင်ပဲ ပြန်ဖြုတ်ချပြီး နောက်ထပ်နည်းလမ်းတွေကို ရှာကြံခဲ့ပါတယ် ..)
အောက်မှာ ပြထားတဲ့ပုံကို ကြည့်လိုက်ပါ ..



အဲဒါ .. ကျွန်တော့်ရဲ့ Windows 8 မှာ ကျွန်တော်ထည့်ထားတဲ့ Start Button လေးပဲ
ဖြစ်ပါတယ် .. 
အဲဒီ Start Button လေးကို နှိပ်လိုက်ရင် Desktop ရဲ့ ညာဖက်ဒေါင့်တစ်နေရာရာကို
မောက်စ်လေးရွှေ့ယူသွားပြီး ပေါ်လာတဲ့ Slide ထဲက Start ကို နှိပ်သလိုမျိုးပဲ ..
ပွင့်လာမှာ ဖြစ်ပါတယ် .. 
Start Button လေးတစ်ခုအတွက်တော့ ဘာမှ မထူးဆန်းပေမယ် တခြား Windows 8 တွေနဲ့ယှဉ်လိုက်ရင်
ကိုယ့်ရဲ့ Windows လေးက ထူးခြားနေတော့ ပိုပြီး ကြွားလို့ကောင်းတာပေါ့ ... :D
နောက်ပြီး .. ဒီပို့လေးရဲ့ နောက်ကွယ်မှာ နောက်ဆက်တွဲ လေ့လာစရာ
အဖိုးတန်နည်းပညာတွေ ရှိနေသေးတယ်ဆိုတာကို ဒီပို့စ်လေးရဲ့အဆုံးမှာ သိလာပါလိမ့်မယ်
ကဲ .. အဲဒီလို ကိုယ့်စိတ်တိုင်းကျ Start Button လေး လုပ်ဖို့ စ လိုက်ကြစို့
ပထမဆုံး ဒီနည်းပညာရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ Autohotkey ဖိုင်ကိုhttp://www.autohotkey.com/
. အဲဒီ Website ကိုတော့ ၀င်ဖြစ်အောင်
ဝင်ကြည့်ဖို့နဲ့ အဖိုးတန် Website တစ်ခုလို့ ယူဆရင် Bookmark ပါ မှတ်ထားလိုက်ပါလို့
တိုက်တွန်းပါရစေ)
Install လုပ်ပြီးတာနဲ့ Desktop ပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက 
New >> AutoHotKey script ကို နှိပ်လိုက်တဲ့အခါ Desktop ပေါ်မှာ AutoHotKey ဆိုတဲ့
Shaortcut လေးတစ်ခု ရောက်လာပါမယ် နံမည်ကိုတော့ ကြိုက်တာပေးလိုက်ပေါ့
ကျွန်တော်ကတော့ Windows 8 Start လို့ ပေးလိုက်ပါတယ်



ပြီးရင် .. အဲဒီ Shortcut လေးပေါ်မှာ Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက
Edit ကိုနှိပ်ပေးလိုက်ပါ




အောက်ကပုံအတိုင်း စာတွေပါတဲ့ Notepad လေးပွင့်လာပါမယ်


အဲဒီထဲမှာမှ စာကြောင်းတွေအားလုံးရဲ့ အောက်တစ်ကြောင်းမှာ

Send, {LWin down}{LWin up}
 
အပေါ်က ကုဒ်လေးကို ကူးပြီး Paste လုပ်လိုက်ပါ



ပြီးရင် အဲဒီ Notepad ကိုပိတ်လိုက်ပါ .. 
Save မှာလားလို့မေးလာတဲ့အခါ Save ကိုနှိပ်လိုက်ပါ
ပြီးရင် .. အဲဒီ Shortcut ပေါ်မှာပဲ Right Click ပြန်နှိပ်ပြီး ပွင့်လာတဲ့ထဲက
Compile Script ကိုနှိပ်လိုက်ပါ ..



ခဏလောက်စောင့်ပေးလိုက်ရင် Desktop ပေါ်မှာ Windows 8 Start ဆိုတဲ့နံမည်နဲ့
exe ဖိုင်လေးတစ်ခု ရောက်လာပါမယ် .. ( ဒါနည်းကို အသုံးချတတ်ရင် ဆော့ဝဲတွေ ဗိုင်းရပ်တွေ
ဖန်တီးရေးသားလို့ရပါတယ် ... exe ဖိုင်တစ်ခုဖန်တီးဖို့ အလွယ်ဆုံးနည်းလမ်းပါပဲ )
ပြီးရင် အဲဒီ နောက်ဆုံးရလာတဲ့ exe ဖိုင်လေးပေါ်မှာ ( shortcut ပေါ်မှာ ဟုတ်ဘူးနော် )
Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက Create Shortcut ကိုနှိပ်လိုက်ပါ



Desktop ပေါ်မှာ Windows 8 Start ဆိုတဲ့ Shortcut လေးတစ်ခု ( Shortcut သင်္ကေတဖြစ်တဲ့ မြှာလေးနဲ့)
ရောက်လာပါမယ် .. 
အဲဒီ အသစ်ရလာတဲ့ Shortcut ကို ကိုယ်လိုချင်တဲ့ icon ပြောင်းဖို့ အဲဒီ Shortcut ပေါ်မှာ Right Click နှိပ်ပြီး  ပွင့်တာတဲ့ထဲက Property ကိုနှိပ်ပါ ..
ပွင့်လာတဲ့ထဲက Change icon ကိုနှိပ်လိုက်ပါ .. System ထဲက ဖိုလ်ဒါတွေ ပွင့်လာပါမယ်
icon တွေကို မရှာတတ်တတ်ရင် ရှာရမယ့် အကွက်ထဲမှာ
C:\Windows\System32\imageres.dll ကို ထည့်ပေးလိုက်တာနဲ့ အိုင်ကွန်တွေရှိတဲ့ဖိုလ်ဒါပဲ ပွင့်သွားပြိး
စက်ထဲမှာ ရှိတဲ့အိုင်ကွန်တွေ ပေါ်လာပါမယ် (စက်ထဲက အိုင်ကွန်တွေတင်မကပဲ
ကိုယ့်ကြိုက်တဲ့ အိုင်ကွန်တွေ စက်ထဲထည့်သွင်းပြီး အသုံးပြုလို့ရအောင်လုပ်တဲ့နည်းကို ဒီမှာ သွားဖတ်နိုင်ပါတယ်)
ကိုယ်လိုချင်တဲ့အိုင်ကွန်ကို ရွေးကလစ်ပြီး Ok နှိပ် .. Apply နှိပ် Ok နှိပ် .. 
ဒါဆိုရင် .. Desktop ပေါ်မှာ သူငယ်ချင်းတို့ကိုယ်တိုင် Script ကုဒ်တွေနဲ့ ရေးသားဖန်တီးထားတဲ့
Windows 8 Start ဆိုတဲ့ ပရိုဂရမ်လေးတစ်ခု ရရှိသွားပါပြီ ..
အဲဒီ Shortcut ကို Task Bar ပေါ်တင်ဖို့ကတော့ မခက်ပါဘူး
အဲဒီ Shortcut လေးကို Tesk Bar ပေါ်က e ပုံစံ ( Internet Explorer ) ရဲ့ဘေးကို မောက်စ်လေးနဲ့ ဆွဲတင်လိုက်တာနဲ့
Start Button လေး Task Bar ပေါ်ကို ရောက်သွားပါလိမ့်မယ် ..
Windows ကို Restart ချလိုက်ပြီး Windows ပြန်တက်လာတဲ့အခါမှာ
အဲဒီ Start Button လေးကို ကလစ်ကြည့်လိုက်ပါ ... 
အိုကေသွားတာကို တွေ့ရပါလိမ့်မယ်
Task Manager မှာ ကြည့်ရင်လည်း သူနဲ့ပတ်သက်တဲ့ memory အသုံးပြုမှုဟာ လုံးဝမရှိတာကို
တွေ့နိုင်ပါတယ် .. ဆိုလိုတဲ့အဓိပ္ပါယ်က ပထမဆုံး Install လုပ်ထားခဲ့တဲ့ AutoHotKey ပရိုဂရမ်ကို
Uninstall လုပ်ပစ်လိုက်လည်း အဲဒီ Start Button က အလုပ်လုပ်မြဲအတိုင်း ဆက်လုပ်နိုင်သွားဦးမှာပါပဲ
(ဒီစာကြောင်းရေးနေရင်းမှ တွေးမိတာက အဲဒီ exe ဖိုင်ကို တခြားစက်မှာ run ပေးပြီး shortcut ထုတ်
Task Bar ပေါ်ကို အဲဒီ Shortcut ကို ဆွဲတင်ပြီး သုံးကြည့်ရင်ရော ရနိုင်မလားဆိုတဲ့ အတွေးပါ ..
Theory အရတော့ ဖြစ်နိုင်ခြေရှိပါတယ် .. အခုမှ တွေးမိတာမို့ မစမ်းကြည့်ရသေးပါဘူး )
ဒီပို့စ်ကိုဖတ်နေတဲ့သူငယ်ချင်းဟာ Programming ကို လေ့လာနေတဲ့သူ ဒါမှမဟုတ် စိတ်ဝင်စားတဲ့သူတစ်ယောက်များ
ဖြစ်နေမယ်ဆိုရင် အဲဒီ AutoHotKey ဒေါင်းတဲ့ Website ကိုသွားပြီး Tutorial ဆိုတဲ့ Tab အောက်မှာ
သင်ပေးထားတဲ့ HotKey သင်ခန်းစာတွေကို လေ့လာကြည့်ပါ .. သိပ်ကို အဖိုးတန်ပြီး ထိရောက်တဲ့
နည်းပညာတွေဆိုတာကို တအံ့တသြ တွေ့ရပါလိမ့်မယ် ... 
နောင် အလျဉ်းသင့်တဲ့အခါမှာလည်း HotKey Script နဲ့ပတ်သက်ပြီး ကျွန်တော် လေ့ထာဖူးသလောက်ကို
မျှဝေပေးသွားဖို့လည်း အစီအစဉ်ရှိပါတယ် ...

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

How to create your own start button in windows 8

After using Windows 8 for a while, I’ve come to the conclusion that removing the Start
button from the Taskbar was a huge mistake. Here’s how to make your own “Start” button
that brings up the Metro Start screen—but doesn’t waste any memory at all.
What we’ll be doing is pretty simple—create a script that simulates pressing the Windows
key button, make it into an executable, assign an icon, and pin it to the taskbar so that it
sorta looks like the Start button, and works the same way. Since nothing is running, no
RAM is wasted.
Creating Your Own Windows 8 Start Button
You’ll need to start by downloading and installing AutoHotkey, and then creating a new
script with the New –> Autohotkey Script item on the context menu.


If you have done that, a shortcut will be seen on your desktop. Name the shortcut as you like. As my screenshot, I named it " Windows 8 Start " .
Right click on that shortcut and click on " Edit ". A notepad including some codes will open as I the screenshot as shown below.



Below the lines in the notepad,  paste in the following code:

Send, {LWin down}{LWin up}



Save the script, and then right-click and choose the Compile Script option, which will create
an executable file.



After some seconds, you will see an .exe file on your desktop named as you had done. Right-click on the .exe and choose Create Shortcut.



After doing the above steps, a short of the .exe file will be seen on the desktop.
Then, right click on that shortcut and the property windows will pop up.
To search the icons in your computer,  the patch you should use is
C:\Windows\System32\imageres.dll
In here you’ll want to browse for the imageres.dll file, which has a lot of pretty icons in it.
Here’s the path, which obviously will need to be adjusted if you installed Windows
somewhere else.
There’s a Windows flag icon in there, as well as some other icons… and of course, you could use any icon file here if you wanted, including one that you’ve downloaded from
somewhere.
Now you’ll want to use the Pin to Taskbar option on the context menu–you’ll probably need
to drag it into the right position.
You’ll notice that I choose the lovely icon, which actually looks pretty cool…
but again, you can use any icon you want.
That’s all there is to it—press the button, the Metro Start screen will come up. Zero memory
usage, since nothing is running in the background. In fact, you should be able to uninstall
AutoHotkey at this point if you want.
If you have either some questions on this pots or some tricks, feel freely write on comment.
But, no spam, please.
Be pleasure!

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers