ဘာရယ်ဟုတ်ပါဘူး .. ကိုယ့်ရဲ့ Desktop ကို အလှဆင်ရတာ ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက်ပါ
ကိုယ့်မှာရှိတဲ့ Folder လေးတွေကို ၀င်းဒိုးမှာပါပြီးသား အိုင်ကွန်ပုံတွေအစား တခြားအိုင်ကွန်လှလှလေးတွေနဲ့ အစာထိုးချင်ရင် အရင်ဆုံးကိုယ့်ဆီမှာ .ico ဆိုတဲ့ Extension နဲ့ အိုင်ကွန်ဖိုင်လေးတွေအရင်ဆုံးရှိထားရပါမယ် .. အဲဒီလို အိုင်ကွန်ဖိုင်အမျိုးအစားလေးတွေကို စုစည်းပြီး ဖိုလ်ဒါတစ်ခုထဲမှာထည့် .. ၀င်းဒိုးရှိတဲ့ Partition (ဥပမာ- C ပေါ့) အဲဒါကိုဖွင့်လိုက်ပါ .. ပွင့်လာတဲ့ထဲက Windows ဆိုတဲ့ ဖိုလ်ဒါကိုဖွင့်လိုက်ပါ .. ဒီနေရာမှာ Administrator Prompt တက်လာခဲ့ရင် Ok တို့ Continue တို့ကို နှိပ်ပေးလိုက်ပါ ..
အဲဒီ Windows ဆိုတဲ့ဖိုလ်ဒါပွင့်သွားရင် အဲဒီထဲက System 32 ဆိုတဲ့ဖိုလ်ဒါကို ထပ်ဖွင့်ပါ ..
အဲဒီ System 32 ဆိုတဲ့ဖိုလ်ဒါထဲကို အစောပိုင်းက အိုင်ကွန်တွေစုထည့်ထားတဲ့ ဖိုလ်ဒါကို ကော်ပီကူးပြီး ထည့်လိုက်ပါ .. ဒီနေရာမှာလည်း Administrator Prompt တက်လာရင် Continue ကိုနှိပ်ပေးလိုက်ပါ ..
တကယ်တော့ အိုင်ကွန်ဖိုလ်ဒါကို အဲဒီထဲသွားမထားလည်း ရပါတယ် .. တခြားနေရာမှာထားရင် မတော်တဆ မှားဖျက်မိမှာရယ် .. အိုင်ကွန်ပြောင်းဖို့ ၀င်းဒိုးက Search လုပ်မယ်ဆိုရင် System 32 ကို ပထမဦးစားပေးပြီး ရှာတာကြောင့်ရယ် .. System 32 ထဲကို အိုင်ကွန်ဖိုလ်ဒါ ထည့်ခိုင်းတာပဲဖြစ်ပါတယ် .. ကိုယ့်စိတ်ကြိုက် ထားချင်တဲ့နေရာမှာထားနိုင်ပါတယ် ..
လောလောဆည် ကိုယ်တိုင် အိုင်ကွန်ဖိုင် မလုပ်တတ်သေးရင်ပဲဖြစ်ဖြစ် လုပ်ဖို့ အချိန်မပေးနိုင်သေးရင်ပဲဖြစ်ဖြစ် ကျွန်တော့်ဆီမှာရှိထားပြီးသား အိုင်ကွန်ဖိုင်တချို့ကို တင်ပေးလိုက်ပါတယ် .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ
Download
ကဲ .. သိပ်မကျွမ်းကျင်သေးသူတွေအတွက် လုပ်ပုံလုပ်နည်းကို ပြောပြပါမယ် .. ဒေါင်းလို့ရလာတဲ့ ဖိုင်ကိုဖြည်ပြီး အထဲက icons folder ကို C >> Windows >> System 32 ဆိုပြီး အဆင့်ဆင့်ဖွင့်ဝင်ပြီး ထည့်ပေးလိုက်ပါ .. (ကိုယ်ကြိုက်တဲ့နေရာမှာ သွားထားလို့ရတယ်နော်)
ပြီးရင်တော့ ကိုယ်အိုင်ကွန်ပြောချင်တဲ့ဖိုလ်ဒါကို အောက်မှာ ပြထားတဲ့အတိုင်း Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက အောက်ဆုံးမှာရှိတဲ့ Properties ကိုနှိပ်ပေးလိုက်ပါ ..

အဲဒီလို Properties ကိုနှိပ်ပေးလိုက်ရင် ပွင့်လာတဲ့ထဲက Customize ကိုနှိပ်ပြီး အောက်ဆုံးမှာရှိတဲ့ Change Icon ဆိုတာကိုနှိပ်ပေးလိုက်ပါ

အဲဒီအခါ အောက်ကပုံအတိုင်း ပွင့်လာပါမယ် .

အဲဒီထဲက Browse ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း System 32 ဖိုလ်ဒါပွင့်လာပါမယ် ..

အဲဒီထဲကမှ ကိုယ်ထည့်ထားတဲ့ အိုင်ကွန်ဖိုလ်ဒါကိုရှာပြီး Double Click နှိပ်ပြီးဖွင့်လိုက်ပါ ..

ပွင့်လာတဲ့ထဲက ကိုယ်ကြိုက်တဲ့အိုင်ကွန်ကို ကလစ်ပေးပြီး အောက်မှာရှိတဲ့ Open ကိုနှိပ်လိုက်ရင် အောက်ကနေရာကို ရောက်လာပါမယ် ..

အဲဒီထဲက Ok ကိုနှိပ်ပေးလိုက်ရင် အောက်ကနေရာကို ပြန်ရောက်လာပါမယ် ..

အဲဒီထဲကမှ Apply ကိုနှိပ် .. ပြီးရင် Ok ကိုနှိပ်ပေးလိုက်တာနဲ့ သူငယ်ချင်းတို့ရဲ့ ဖိုလ်ဒါလေးဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အိုင်ကွန်ပုံလေးအဖြစ်ပြောင်းသွားပါမယ် .. ချက်ချင်းမပြောင်းဘူးဆိုရင် Refresh လုပ်ပေးလိုက်ပါ ..
ကဲ .. ဖိုလ်ဒါလှလှလေးတွေနဲ့ ပျော်ရွှင်ကြည့်နူးနိုင်ကြပါစေဗျာ
0 comments:
Post a Comment