ဖိုင်ဘာနက်ဝါ့နဲ့ ပါတ်သက်လို့ ဘာ Experiences ရှိလဲ မေးရင် သုံးဖူးတယ် ဆိုတာထက် ပိုပီး ဖြေနိုင်တဲ့ အိုင်တီသမား သိတ်မရှိပါဘူး။ ဘယ်လိုသုံးလဲမေးရင် ဒီလိုပဲ ထွက်လာတဲ့ Ethernet ကို Router ဒါမှမဟုတ် Switch ထဲထည့်ပီး သုံးလိုက်တာပဲလို့ ဖြေတဲ့လူတွေ များပါတယ်။ တကယ်တန်းက ဖိုင်ဘာနက်ဝါ့သည် အလွန်အမင်း ခက်ခဲခြင်းမရှိပါ။ သို့သော် Termination ပြုလုပ်ခြင်း၊ ကြိုးပြတ်သွားလျင် ဆက်ခြင်းများတွင်သာ လက်ဝင်၍ အလုပ်ရှုပ်ပါတယ်..... ကျွန်တော့အနေနဲ့ကတော့ ကျွန်တော်သုံးခဲ့ဘူးတဲ့ Single Mode ဖိုင်ဘာပေါ်အခြေခံပီး ဖိုင်ဘာနက်ဝါ့ရဲ့ သဘောသဘာဝကို ကျွန်တော့ အတွေ့အကြုံပေါ် မူတည်ပြီး ရှင်းပြသွားမှာ ဖြစ်ပါတယ်။ ပညာရှင်အဆင့်ထိ ဖြစ်မသွားနိုင်ပေမယ့် ဖိုင်ဘာနက်ဝါ့ သဘောသဘာဝကို အတိုင်းအတာတစ်ခုအထိ နားလည်ကြမယ်ဆိုရင် ကျေနပ်ပါတယ်.....
ဖိုင်ဘာနက်ဝါ့ကို ပြည်တွင်းမှာ အသုံးနည်းကြခြင်းဟာ ဈေးကြီးတဲ့အတွက် ဖြစ်ပါတယ်။ Termination ပိုင်းဈေးကြီးတယ်၊ ကိုယ်တိုင်လုပ်ဖို့ ပစ္စည်းမရှိတဲ့အတွက် ပစ္စည်းရှိတဲ့ ရတနာပုံနဲ့ မြန်မာ့ဆက်သွယ်ရေးကို လက်ခတွေ အပ်ရတဲ့အတွက် ဈေးကြီးတယ်၊ အလုပ်ရှုပ်တဲ့အတွက် သိတ်မသုံးကြပါဘူး.... နိုင်ငံတကာမှာတော့ ကိုယ့်ကိုယ်ပိုင် ပစ္စည်းတွေနဲ့ လုပ်ပါတယ်... ဒါဆိုရင် မေးစရာရှိလာတာသည် ဖိုင်ဘာကို ဘာအတွက် သုံးတာလဲ ဆိုတာပါပဲ.... ဖိုင်ဘာဟာ ပုံမှန် Ethernet ကြေးကြိုးနဲ့ သွားတာထက်ပိုမြန်ပါတယ်။ သုံးစွဲတဲ့ ကြိုးနဲ့ ပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး အကွာအဝေး ဝေးဝေး သွားနိုင်တာပါပဲ။ နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ အရင်တုန်းက နက်ဝါ့ သွယ်တန်းရင် အသုံးပြုတဲ့ Ethernet CAT5 အမျိုးအစားနဲ့ ဆွဲထားတဲ့နက်ဝါ့ဟာ နောက်ပိုင်းပေါ်လာတဲ့ မြန်နှုန်းမြင့် နည်းပညာတွေသုံးမယ် ဥပမာ Gigabit သုံးမယ်ဆိုရင် Gigabit မြန်နှုန်းကို မရပါဘူး။
(Singlemode နှင့် Multimode ကွာခြားပုံ)
ဖိုင်ဘာကေဘယ်သည် အလင်းမျှင့်နဲ့ သွားတာဖြစ်တဲ့အတွက် အသုံးပြုတဲ့ ပစ္စည်းပြောင်းလဲလိုက်ရုံနဲ့ အမြန်နှုန်းကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ ပုံမှန်သုံးနေကြ 100Mbps အသုံးပြုနေရာကနေ 10Gbps ကိုပြောင်းလဲသုံးဖို့ ပစ္စည်းတွေ လဲလိုက်ရုံပါပဲ။ ကြိုးကိုလဲဖို့မလိုအပ်ပါဘူး၊ ဒါတွေသည် ဖိုင်ဘာရဲ့ အားသာချက်ဖြစ်ပါတယ်။ ဖိုင်ဘာကို ခွဲခြားကြည့်မယ်ဆိုရင် နှစ်မျိုးရှိပါတယ်။ Multimode နဲ့ Singlemode ဆိုပီးတော့ ဖြစ်ပါတယ်။ နှစ်ခုစလုံး အလင်းနဲ့ သွားတာဖြစ်ပေမယ့် Multimode ဟာ LED ကိုအခြေခံပြီး Singlemdoe ကတော့ Laser ကိုအခြေခံပီး Data အပို့အယူလုပ်ပါတယ်။ Multimode ဖိုင်ဘာကြိုးရဲ့ 100Mbps to 10Gbps အထိသယ်ယူနိုင်ပြီး 50–100 micrometers ရှိပြီး Singlemode ထက်ပိုကြီးပါတယ်။ Signlemode ဖိုင်ဘာဟာ 8-10 µm ပဲရှိလို့ဖြစ်ပါတယ်။ အကွာအဝေးအနေနဲ့ Multimode ဟာ မီတာ 600 ခန့်အထိ အသုံးပြုနိုင်ပြီး Singlemode ဟာ သုံးစွဲသည့် ပစ္စည်းပေါ်မူတည်ပြီး km 100 အထက်အသုံးပြုနိုင်ပါတယ်။
(Singlemode နှင့် Multimode ကွာခြားပုံ)
ဖိုင်ဘာကေဘယ်ဟာ အလင်းကိုသယ်ယူပို့ဆောင်ရန်အတွက် ဖြစ်ပြီး ၎င်း၏ ဟိုဘက်ထိပ် ဒီဘက်ထိပ် အလင်းထုတ်လွှင့်သည့် ပစ္စည်းများ၏ စွမ်းဆောင်နိုင်မှု ပမာဏပေါ်မူတည်ပြီး ဝေးဝေးသွားနိုင်ခြင်း ဖြစ်ပါတယ်။ ဖိုင်ဘာကေဘယ်တွေကို Core နဲ့သတ်မှတ်ပါတယ်။ Core တစ်ခုစီသည် ဖိုင်ဘာကြိုးမျှင် တစ်ချောင်းကို ကိုယ်စားပြုပါတယ်။ 4 Core, 6 Core, 8 Core, 12 Core, 24 Core စသည်ဖြင့် ခေါ်ဝေါ်ကြပြီး 4 Core ဆိုလျင် ဖိုင်ဘာကြိုးမျှင် 4 ချောင်းရှိခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ ဖိုင်ဘာနက်ဝါ့တွင် ဟိုဘက်ပွိုင့်နှင့် ဒီဘက်ပွိုင့်ချိတ်ဆက်ခြင်းတွင် 2 Core (Transmit Tx/ Receive Rx) သုံးနိုင်သကဲ့သို့ ကြိုးမျှင်ချွေတာသည့် အနေနှင့် 1 Core (Bidirectional / WDM) အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ တစ်ဖက်မှ ပို့လွှတ်သည့်အလင်းကို လက်ခံရယူပီး ပုံမှန်အသုံးပြုနေသည့် Ethernet Network ထဲသို့ပြောင်းလဲရန်အတွက် Media Converter သို့မဟုတ် Fiber Module လိုအပ်ပါတယ်။ Media Converter သည် ဖိုင်ဘာအလင်းမျှင် မှလာသည့် အချက်အလက်များအား Ethernet ဖြင့်ပြောင်းလဲပေးပြီး Fiber Module အနေဖြင့် Switch များ Router ရှိ Fiber Module Slot တွင် တပ်ဆင် အသုံးပြုနိုင်ပါတယ်။ Switch / Router ရဲ့ လက်ခံနိုင်မှုပေါ် မူတည်ပြီး 10Gbps သို့ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
(Fiber to Ethernet Media Converter)
(Switch သို့မဟုတ် Router တွင် Fiber Module တွင်တပ်ဆင်ရသည့် miniGBIC SFP Module)
(Fiber Distribution Box)
Singlemode Fiber အောက်ဒိုး ကေဘယ်ဟာ ပြင်ပ Inteference မ၀င်ရောက်နိုင်ရန် အလွန်ကြီးမားတဲ့အတွက် ဟိုဘက်ဒီဘက် End Point တွေမှာ ချိတ်ဆက် အသုံးပြုရန် Fiber Distribution Box (FDB) ကို အသုံးပြုရပါတယ်။ ပုံထဲမှာ ပါတဲ့အတိုင်း Fiber Distribution Box (FDB) ထဲမှာ Connector ခေါင်းလေးတွေ ထုတားပြီး သတ်မှတ်ထားတဲ့ Port No. အလိုက် ချိတ်ဆက် သွယ်တန်းနိုင်ပါတယ်။ ဖိုင်ဘာကော်နက်တာခေါင်းပေါင်း များစွာရှိပြီး အသေးစိတ်ကိုhttp://en.wikipedia.org/wiki/Optical_fiber_connector မှာသွားရောက် လေ့လာနိုင်ပါတယ်။ ဖိုင်ဘာကြိုးတွေလည်း ပြတ်တတ်ပါတယ်။ အဲ့လိုအခါမှာတော့ ပြတ်သွားတဲ့ ဖိုင်ဘာကြိုးမျှင်တွေကို အပူပေးပီး ပြန်ဆက်ရပါတယ်။ အဲ့လိုဆက်တဲ့နေရာမှာ သုံးတဲ့ စက်ကို Splicing Machine လို့ခေါ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံက ပြတ်သွားတဲ့ အထဲက ဖိုင်ဘာကြိုးမျှင်ကို အပူပေးပီး ဆက်ခြင်းဖြစ်ပါတယ်။ တစ်နေရာနှင့် တစ်နေရာ သွယ်တန်းထားတဲ့ ကြားတွင် ပြတ်တောက်သွားသည် ဆိုပါက Splicing Machine နှင့်ဆက်ပြီး Fiber Enclosure ထဲမှာထည့်ပြီး ပြန်လည်ဖုံးအုပ်ထားရပါတယ်။
(Fiber Enclosure Box)
(Fiber ဖန်ကြိုးမျှင်များကို ဆက်ရာတွင် အသုံးပြုသည့် Splicing Machine တွင် ပုံပါအတိုင်း Fiber ကြိုးမျှင်အား ထည့်သွင်းရပါတယ်)
(Splicing Machine ရှေ့ဘက် Display မှ ကြိုးခြင်းဆက်ပုံအား ပြသပါတယ်)
(External Shiled နဲ့ အတွင်း Fiber ကြိုးမျှင်အား အပူပေး ဆက်ခြင်းနမူနာပုံ)
ဖိုင်ဘာနက်ဝါ့ သွယ်တန်းရာမှာ မသိလျင် Serials သို့မဟုတ် Bus Typology သွယ်တန်းတယ်လို့ ထင်ရပေမယ့် အမှန်တကယ် အလုပ်လုပ်သွားတာ Star Typology နဲ့လုပ်ပါတယ်။ ဥပမာအားဖြင့် အောက်ရှိပုံအား ကြည့်လျင် သိနိုင်ပါတယ်။ Building A ကနေ A to B, A to C, A to D, A to E ချိတ်မယ်ဆိုရင် 4 Core ကေဘယ်နဲ့ ပုံပါအတိုင်း အဆောက်အဦး A မှ B ကိုသွယ်ရပါတယ်။ B မှာ ဖိုင်ဘာကြိုးဖြတ်လိုက်ပြီး FDB ထဲကို ထည့်ကာ B အတွက် Fiber Point တစ်ခု ထားခဲ့ပြီး ကျန်တဲ့ ဖိုင်ဘာ 3 ချောင်းကို Splicing Machine နဲ့ ပြန်ဆက်ပါတယ်။ ပြီးတဲ့အခါ အဲ့ဒိကေဘယ်ကို C ကို သွယ်ပါတယ်။ C မှာ တစ်ခါထပ်ဖြတ်လိုက်ပီး FDB ထဲကိုထည့်ခါ C အတွက် Point တစ်ခုထားခဲ့ပြီး D ကို ဆက်သွယ်ပါတယ်။ D မှာ ထပ်ဖြတ်ပြီး FDB ထဲကိုထည့်ခါ D အတွက် ပွိုင့်တစ်ခုထားခဲ့ပြီး E ကိုသွယ်လိုက်ပါတယ်။ ဒီနေရာမှာ B to C မှာ ကေဘယ်ဟာ 4 Core ဖြစ်ပေမယ့် A to B 1 Core သုံးထားတဲ့အတွက် A ကို ချိတ်ဆက်နိုင်မယ့် Core ဟာ 3 Core သာ ကျန်ပါတော့တယ်။ ထို့အတူ C to D တွင် ချိတ်ဆက်သည်မှာ 4 Core ပင်ဖြစ်သော်လည်း A ကို ချိတ်ဆက်နိုင်မည့် Core ဟာ 2 Core သာ ကျန်ပါတော့တယ်။ သို့ဖြစ်သော်ကြောင့် D to E တွင်ချိတ်ဆက်သည်မှာလည်း 4 Core ပင်ဖြစ်သော်လည်း A အထိချိတ်ဆက်နိုင်သည်မှာ 1 Core သာဖြစ်ပါတယ်။ အကယ်၍ Central Location သည် B or C or D ဖြစ်သွားပါကလည်း FDB တွင်းမှာပင် သူ့ သက်ဆိုင်ရာ Core အလိုက် ပြန်လည်ချိတ်ဆက်ခြင်းပြီး နေရာချထားခြင်းဖြင့်လည်း အသုံးပြု၍ရပါတယ်။ ထိုကဲ့သို့ Design ပိုင်းအပြောင်းအလဲလုပ်ရာတွင်လည်း သီးခြား Cable ပြန်လည်ဆွဲရန် မလိုအပ်ပဲ ရှိပီးသား Core များအား Patch ကူးပေးခြင်းဖြင့် အလွယ်တကူပြောင်းလဲနိုင်ပါတယ်။
(Physical Fiber Cabling)
(Actual Working Typology)
ဖိုင်ဘာပွိုင့်တွေ အများကြီးမှာ ဘယ်ပွိုင့်က ဘယ်ကိုရောက်လဲသိချင်ရင် မြန်မာ့နည်း မြန်မာ့ဟန်နဲ့ လုပ်တာတစ်ခု ရှိပါတယ်.... အဲ့ဒါကတော့ တစ်ဖက်ပွိုင့်ကနေ လေဆာပွိုင့်တာနဲ့ ထိုးလိုက်ပါတယ်..... ဟိုဘက်က FDB ကနေ A4 စက္ကူဖြူစာရွက်လွတ် တစ်ခုကို ခံထားလိုက်ပီး ကြည့်လိုက်ပါတယ်.... ပွိုင့်မှန်ရင် ဟိုဘက်က ထိုးလိုက်တဲ့ လေဆာဟာ A4 ပေါ်မှာ လာပေါ်ပါတယ်.... အဲ့လိုပုံစံနဲ့လည်း မြန်မာ့နည်း မြန်မာ့ဟန် Troubleshooting လုပ်ကြပါသေးတယ် ခင်ဗျာ....
ဒါဆိုရင် ဖိုင်ဘာနက်ဝါ့ ဘယ်လိုပုံစံ အလုပ်လုပ်လဲ၊ ချိတ်ဆက်သလဲ၊ ဘယ်လိုမျိုးသွယ်တန်းလဲ၊ Physical Cabling နဲ့ Actulal Typology ကွာခြားပုံကို အခြေခံအားဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်။ အခြေခံသာ ဖြစ်တဲ့အတွက် Professional များကြည့်ရင်တော့ ကလေးကစားစရာ သာသာဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ဖိုင်ဘာဆိုတာ ဒီလိုသွယ်ရတယ်၊ ဒါတွေရှိတယ်ဆိုတာ သဘောပေါက်ရင်ဖြင့် ကျွန်တော် ရေးရကျိုးနပ်ပါတယ်။
0 comments:
Post a Comment