Blogger Widgets

Sunday, December 9, 2012

Photoshop အပိုင်း၈


အရင်တင်ခဲ့တဲ့သူတွေလည်းရှိမှာပါ။ ဒါပေမယ့် အခြေခံနည်းစနစ်လေးတွေကိုလည်း အချိန်ရရင် ရသလို တင်ပြပေး
သွားပါမယ်။ Photoshop အခြေခံမရှိတဲ့သူတွေအတွက် ဒီဇိုင်းဆွဲနည်းသင်ခန်းစာတွေအတွက် အထောက်အကူရ
စေချင်လို့ပါ။ စလိုက်ရအောင်နော်…..




အခုသင်ခန်းစာအတွက် အောက်မှာပါတဲ့ပုံလေးတစ်ပုံကို အသုံးပြုပြီး နောက်ခံ Background ထည့်နည်းလေး တင်ပြ
ပေးသွားမှာဖြစ်ပါတယ်။ မိမိစက်ထဲကို ဒေါင်းပြီး လေ့ကျင့်နိုင်ပါတယ်။




ပုံ(၁) Background မထည့်မီပုံ



ပုံ(၂) Background ထည့်ပြီးပုံ



အဆင့်(၁)

အထက်ဖော်ပြပါ Background မထည့်မီပုံလေးကို Photoshop သုံးပြီးဖွင့်လိုက်ပါ။


အဆင့်(၂)

Layer Palette မှာ Locked ဖြစ်နေပါတယ်။ အဲဒီသောပုံပေါ်မှာ Double Click လုပ်ပြီး သော့ဖွင့်လိုက်ပါ။


New Layer ဆိုပြီး Box ပေါ်လာပါမယ်။ Name ကို Model လို့အမည်ပေးပြီး OK လုပ်လိုက်ပါ။




အဆင့်(၃)

Magic Wand tool ကိုရွေးလိုက်ပါ။ Model ရဲ့ဘေးက အဖြူကွက်မှာ Click လုပ်ပါ။



Keyboard က Delete Key ကို နှိပ်ပြီးဖျက်လိုက်ပါ။

အောက်ပါပုံအတိုင်းတွေ့ရပါမယ်-

Ctrl + D ကို နှိပ်ပြီး Deselect လုပ်လိုက်ပါ။




အဆင်(၄)

Layer Menu က New Fill Layer မှ တစ်ဆင့် Gradient ကိုရွေးလိုက်ပါ။


အောက်မှာပြထားတဲ့အတိုင်း Box တစ်ခုကျလာပါမယ်။


OK ကိုနှိပ်လိုက်ပါ။


Style မှာ Radial ရေးလိုက်ပါ။


Gradient နောက်မှာ ရှိတဲ့ မြှားကလေးကို နှိပ်လိုက်ပြီး Spectrum ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ။


Layers Palette မှာ Model Layer ကို အပေါ်ဆွဲတင်လိုက်ပါ။



အဆင့်(၅)

Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။


Box ကျလာရင် OK လုပ်လိုက်ပါ။



Pattern ထဲက Stain ကိုရွေးလိုက်ပါ။ Scale ကို 467 ထားပြီး OK လုပ်ပါ။


Model Layer ကို Pattern Fill 1 အပေါ်ကို ဆွဲတင်လိုက်ပါ။
(အပေါ်မှရောက်နေရင်တော့တင်စရာမလိုပါဘူး)



အဆင့်(၆)

Pattern Fill 1 Layer ကို Click လုပ်ထားပါ။



Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။



Blend Mode မှာ Hue ကိုရွေးပြီး OK လုပ်လိုက်ပါ။



အဆင့်(၇)

Layer Menu က New Fill Layer သွားပြီး Pattern ကိုရွေးချယ်ပေးပါ။


Box ကျလာရင် OK လုပ်လိုက်ပါ။


စကေးကို 816 ထားပြီး OK လုပ်ပါ။




အဆင့်(၈)

Layer Menu က Layer Style သွားပြီး Blending Options ကိုရွေးချယ်ပေးပါ။


Blend Mode မှာ Difference ကိုရွေးပြီး OK ကို Click လုပ်ပါ။


အနားသတ်မညီတာလေးတွေရှိရင် Model Layer ကို Click လုပ်ပါ။


Polygonal Lasso Tool ကိုသုံးပြီး Select လုပ်ပြီး Delete နှိပ်ပါ။



မလိုအပ်တာတွေကို ဖျက်ထုတ်ပြီးရင် အောက်ပါအတိုင်း နောက်ခံ ဒီဇိုင်းလေးနဲ့ ပုံဖြစ်သွားပါတယ်။

ဖျက်ထုတ်တာလေးတွေ သေသေသပ်သပ်နဲ့ အချိန်ပေး လုပ်နိုင်ရင် ပိုပြီးအဆင်ပြေနိုင်ပါတယ်။

ပိုပြီးကောင်းတာက မူရင်းပုံကို အစကတည်းက မလိုအပ်တာတွေကို ဖျက်ထုတ်သင့်ပါတယ်။

အခုလိုတင်ပြပေးရတာကတော့ အချိန်တိုအတွင်းမှာ လုပ်လို့ရအောင် အဆင့်ဆင့်တင်ပြပေးသွားရတာပါ။

နောက်သင်ခန်းစာတွေမှာ မလိုအပ်တာတွေ ဖျက်ထုတ်ပုံနည်းစနစ်များကို တင်ပြပေးသွားပါမယ်။




အခုတင်ပြထားတဲ့နည်းစနစ်ကလေးတွေအနက် အဆင့်တစ်ခု၊ အတိုင်းအတာတစ်ခုထိ လုပ်နိုင်တယ် ဆိုရင် ဒါမှ
မဟုတ် အပေါ်အဆင့်တွင်နှစ်သက်တယ်ဆိုရင် အသုံးပြုလို့ရပါပြီး။ Menu လေးတွေ သုံးတတ်အောင် တင်ပြပေး
သွားရခြင်းဖြစ်ပါတယ်။ အမှားအယွင်းလေးများပါခဲ့ရင်ခွင့်လွှတ်ပေးပါ။




သုံးထားတာကတော့ Adobe Photoshop CS3 ဖြစ်ပါတယ်။

ကျနော်တင်ပြသလို မဟုတ်ဘဲ အခြား Option များကိုရွေးချယ်ပြီး လုပ်ဆောင်ကြည့်ပါ။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers