Blogger Widgets

Sunday, December 9, 2012

Photoshop အပိုင်း၉


အခု သင်ခန်းစားလေးကို အောက်မှာ ပေးထားတဲ့ပုံ(၃)ပုံကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုလုပ်ကြည်ပါမယ်-


ပုံ(၁)


ပုံ(၂)


ပုံ(၃)



နောင်ဆုံးရရှိမည့်ပုံ



စလိုက်ကြရအောင်…..
ထုံးစံအတိုင်းပေါ့…ပုံ(၁)မှ(၃)အထိကို သင့်စက်ထဲ ဒေါင်းလိုက်ပါ။


အဆင့်(၁)
ပုံအမှတ်(၁)ကို Adobe Photoshop သုံးပြီးဖွင့်လိုက်ပါမယ်။


အဆင့်(၂)
Inage Menu က Duplicate ကိုရွေးလိုက်ပါ။
Dialog box ကျလာရင် MyDesign3 ဆိုပြီး အမည်ပေးပြီး OK လုပ်ပါ။


အဆင့်(၃)
ပုံ(၂)ကို ဖွင့်လိုက်ပါ။


အဆင့်(၄)
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။


အဆင့်(၅)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး စုံတွဲပုံလေးကို ဖိဆွဲပြီး
ဘယ်ဖက်က ကျုံးရေပြင်ပေါ်ကို တင်လိုက်ပါ။
ကျုံးရေပြင်ပေါ်ကို အောက်ပါပုံအတိုင်းရောက်သွားပါမယ်။


Layer Palette မှာ Layer 1 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က စုံတွဲပုံကို ပိတ်လိုက်ပါ။


အဆင့်(၆)
Magic Wand Tool ကို ရွေးလိုက်ပါ။ ပုံပေါ်က အဖြူကွက်မှာ Click လုပ်လိုက်ပါ။


Delete Key ကို နှိပ်ပါ။


Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။


အဆင့်(၇)
ပုံ(၃)ကိုဖွင့်ပါ။
Window menu ကိုသွားပြီး Arrange ကတစ်ဆင့် Tile Vertically ကိုရွေးလိုက်ပါ။


အဆင့်(၈)
Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
Keyboard က Shift ကို နှိပ်ထားပြီး ငန်းပုံလေးကို ဖိဆွဲပြီး
ဘယ်ဖက်က ပုံပေါ်ကို တင်လိုက်ပါ။
အောက်ပါပုံအတိုင်းရောက်သွားပါမယ်။


Layer Palette မှာ Layer 2 ဆိုပြီး Layer အသစ်တစ်ခုပေါ်လာပါမယ်။
ညာဖက်က ငန်းပုံကို ပိတ်လိုက်ပါ။


အဆင့်(၉)
Magic Wand Tool ကို ရွေးလိုက်ပါ။ Tolerance ကို 15 ပေးလိုက်ပါ။


ပုံပေါ်က အပြာရောင်ပေါ်မှာ Click လုပ်လိုက်ပါ။



Delete ကို နှိပ်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။




အဆင့်(၁၀)
Hand Tool ကို Double Click လုပ်ပါ။


Tool box က Move Tool ကို ရွေးလိုက်ပါ။ Keyboard က V ကို နှိပ်လည်းရပါတယ်။
ငန်းပုံကို အောက်ပါအတိုင်းနေရာရွှေ့ပါ-



အဆင့်(၁၁)
Image menu က Adjustments သွားပြီး Color Balance ကိုရွေးလိုက်ပါ။
Ctrl + B ကို နှိပ်လည်း ရပါတယ်။


အောက်ပါအတိုင်း Box တစ်ခု ကျလာပါမယ်-



Color Level ကို +73 , -43 , -85 ပြောင်းပြီး OK လုပ်ပါ။


အောက်ပါအတိုင်းငန်းပုံလေးအရောင်ပြောင်းသွားပါမယ်-

ဒီအဆင့်မှာ လုပ်တဲ့ Color Balance ကို မိမိနှစ်သက်ရာ ပြောင်းပြီး
ဆောင်ရွက်ကြည်စေလိုပါတယ်။


အဆင့်(၁၂)
Layer က Flatten Image ကို ရွေးချယ်ပေးပါ။


Layer တွေအားလုံးပေါင်းသွားပြီး Background ဖြစ်သွားပါမယ်။

Tool Box က Clone Stamp Tool ကိုရွေးလိုက်ပါ။ S ကို နှိပ်လည်းရပါတယ်။


Brush Size ကို 35 ထားပါ။


ပုံရဲ့ ညာဘက် အောက်ထောင့် A စာလုံးနေရာလောက်ကို Alt Key နှိပ်ထားပြီး
Click လုပ်ပါ။


Alt ကို လွှတ်လိုက်ပြီး အပေါ်ဖက်က ငန်းအမြီးလေး ကို
အပင်တွေဖုံးသွားတဲ့ပုံအဖြစ် ပွတ်ပြီးဆွဲပေးပါ။


Save လုပ်ပြီးသိမ်းလို့ရပါပြီ။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers