Blogger Widgets

Saturday, December 22, 2012

Online Security အတွက်အတွက်အချက်(၁၀)ချက်


လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့ ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ် ရမလဲ ဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချ ရအောင် ကာကွယ် ပေးနိုင်တဲ့ အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။

နံပါတ် (၁)

သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့် ပါတယ်။ Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှု နိုင်ပါတယ်။

နံပါတ်(၂)

ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျ ဖြစ်တဲ့၊ ယုံကြည်ရတဲ့ Website တွေကိုသာ ၀င်ရောက် ကြည့်ရှု့ သင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ Website တစ်ခုကို ၀င်ကြည့် မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း (Banner) တွေကို Click မနှိပ်မိဖို့ သတိထားပါ။

နံပါတ်(၃)

Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။

နံပါတ်(၄)

သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေး အတွက်ဆိုရင် အင်တာနက် သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။

နံပါတ်(၅)

သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦး တစ်ယောက်နဲ့မှ ဘယ်လို အကြောင်း ပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့ အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့ အခါ
  • 1. Capital Letters
  • 2. Small Letters
  • 3. Symbols
  • 4. Numbers
အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစား အမည်၊ စသည်ပေါ့။

နံပါတ်(၆)

Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့် အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ် ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။

နံပါတ်(၇)

Login Page တစ်ခုမှာ Password ရိုက်ထည့် တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင် ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။

နံပါတ်(၈)

Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံ ရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန် အစရှိသည် အားဖြင့် ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကို မနှိပ်မိ ပါစေနဲ့။ သင့်ကို Spoofed Pages ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ် ရှင်းပြပါ့မယ်။

နံပါတ်(၉)

အသုံး ပြုပြီးတဲ့ အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံ တင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )

နံပါတ်(၁၀)

Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက် မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ် ဆိုရင်လဲ Spyware, keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install လုပ်ထားမထား သေချာအောင် လုပ်ပါ။ အထက်ပါအချက် (၁၀) ချက်ကို လိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာ အန္တရာယ်မှ 90% ကာကွယ် ပေးနိုင် ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။

http://www.apytz.org/item/17-10-online-security.html

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers