Blogger Widgets

Saturday, December 22, 2012

ITပညာရပ်များသင်ယူရာတွင်တိကျတဲ့ရည်မှန်ချက်မရှိသူတွေများပြာလာ


Team of People Lifting IT (Information Technology) by eyeidea - Stock Photoနိုင်ငံ တကာတွင် အရေး အကြီးဆုံး နည်းပညာ တစ်ခု ဖြစ်လာသည့် သတင်း အချက်အလက် ဆိုင်ရာ နည်းပညာသည် ယနေ့ခေတ် လူငယ်များ ကြား ရေပန်း အစားဆုံး သင်ယူ လေ့လာသင့်သော ဘာသာရပ် တစ်ခု ဖြစ်လာခဲ့ သော်လည်း မြန်မာနိုင်ငံမှ အိုင်တီ နည်းပညာ လေ့လာသူ အများစုမှာ တိကျသည့် ရည်မှန်းချက် ပန်းတိုင် ထားရှိမှု အားနည်းလျက် ရှိကြောင်း အိုင်တီ အသိုင်းအဝိုင်းမှ ပညာ ရှင်များ၏ သုံးသပ်ချက် အရ သိရသည်။
အိုင်တီ နည်းပညာ လေ့လာသူ များ၏ အဓိကအား နည်းချက်မှာ မိမိသည် မည်သည့် ကဏ္ဍ၌ စိတ်ဝင်စားမှု ကြီးသည်ကို မသိခြင်းဖြစ်ပြီး နယ်ပယ် ကျယ်ဝန်းသည့် အိုင်တီဘာသာရပ်များအား သင်ယူရာတွင်လည်း တိကျ သည့် ဘာသာရပ်တစ်ခုကို ထိရောက်စွာလေ့လာခြင်း မပြုသည့် အတွက် လုပ်ငန်းခွင် များတွင် အရည်အသွေး ပြည့်မီသည့် ပရော်ဖက်ရှင် နယ်များ အဖြစ်သို့ ရောက်ရှိလာမှု အားနည်းလျက်ရှိသည်။
ဆော့ဖ်ဝဲ ရေးသားသူများ အနေဖြင့်လည်း အလုပ်ရှာဖွေရာ၌ အခက်အခဲ ရှိသည့် နည်းတူ ၄င်းတို့၏ ပင်ကိုလေ့လာသိရှိမှုနှင့် အလုပ်အပေါ်ဝါသနာ ပါမှုမှာ အားနည်းခြင်းကြောင့် နောက်ပိုင်းတွင် အိုင်တီ နယ်ပယ်မှ အပြီးအပိုင် ထွက်ခွာသွားသူ များလည်းရှိနေ သည်။
ယင်းအခြေအနေများနှင့် ပတ်သက်၍ အိုင်တီနည်း ပညာရှင်တစ်ဦးက “တကယ်တော့ လူငယ်တွေအနေနဲ့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို အိုင်တီ လောကထဲဝင် လာကတည်းက ဦးတည်ချက်ထားရမှာပါ။ ဘယ်လိုင်းက ဝင်ငွေပိုရတယ်ဆိုတာကို မေးမြန်းနေဖို့ထက် ကိုယ် တကယ် လက်တွေ့ လုပ်ဆောင်တဲ့အခါမှာ ဘယ်အရာက ကိုယ့်ကိုပျော်ရွှင်မှုပေးလဲဆိုတာကိုလည်း ကြည့်ရမှာ ဖြစ်ပါ တယ်။
ဝါသနာနဲ့အလုပ်အကိုင်ကို ပူးတွဲနိုင်မှ စစ်မှန်တဲ့ ပညာရှင်တွေ ပေါ်ထွက်လာမှာပါ။ ကျွန်တော်တို့ဆီမှာ အိုင်တီနည်းပညာကို လေ့လာသင်ယူတဲ့ လူငယ်တွေ များပေမယ့် ရည်မှန်းချက်ကို မေးတဲ့အခါမှာ ဝေ၀ါးနေတာ က များပါတယ်” ဟု သုံးသပ်ပြောကြားသည်။ 

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers