Blogger Widgets

Monday, June 10, 2013

Window 8 တစ်ကယ် Shutdown ဖြစ်သလား

 




အခုဆိုရင် ကျွန်တော်တို့ဟာ Window 8  final version ကို အသုံးပြုနေကြပြီဖြစ်ပါတယ် ..



Window  8 က တခြားဝင်းဒိုးတွေကို ကျော်ဖြတ်သွားနိုင်တဲ့အချက်တွေထဲက အသိသာဆုံးနဲ့ အထင်ရှားဆုံးကတော့ သူ့ရဲ့ Boot တက်တာနဲ့ Shutdown ကျတာ မြန်ဆန်ခြင်းဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ် ...

 အဲဒါဘာကြောင့်လဲလို့ Window 8 ရဲ့ Construction ပိုင်းကို ရှာဖွေလေ့လာကြည့်တဲ့အခါမှာ တခြားဝင်းဒိုးတွေဟာ Shutdown ချလိုက်တာနဲ့ ရှေ့ပိုင်းမှာ ကျွန်တော်တို့လုပ်ခဲ့သမျှ အခြေအနေတွေကို လုံးဝ Stop လုပ်လိုက်ပြီးမှ Application တွေအားလုံး Completely Stopped (or) Forced Stop လုပ်ပြီးမှ Shutdown ကျသွားပါတယ် ..


Shutdown အကြောင်းရှေ့မဆက်ခင် ၀င်းဒိုးစနစ်မှာပါတဲ့ Sleep mode, Restart mode နဲ့ Shutdown mode တွေအကြောင်း နည်းနည်းဆွေးနွေးချင်ပါသေးတယ်

Sleep mode

သူ့ရဲ့ လုပ်ဆောင်ချက်က ၀င်းဒိုးကို Sleep လုပ်ခိုင်းလိုက်တဲ့အချိန်မှာ လက်ရှိလုပ်ဆောင်ထားတဲ့ အချက်အလက်တွေ အားလုံးကို မှတ်သားထားပြီး အနည်းဆုံးသော ပါဝါသုံးစွဲမှုနှုန်းနဲ့ ၀င်းဒိုးစနစ်ကို မောင်းနှင်ပေးနေတာဖြစ်ပါတယ် .. အဲ .. Awake ပြန်လုပ်လိုက်တဲ့အခါမှာ မှတ်သားထားတဲ့ အချက်အလက်တွေအားလုံးကို အလျှင်အမြန် ပြန်ပြီး Fresh and Access ဖြစ်စေခြင်းအားဖြင့် တာဝန်ယူပါတယ် ..

Restart mode

သူကတော့ လက်ရှိလုပ်ဆောင်နေတာတွေအားလုံးကို Stop လုပ်လိုက်ပါတယ် .. Device အားလုံးနီးပါးအတွက် ပါဝါသုံးစွဲမှုတွေကို Turn off လုပ်ပစ်လိုက်ပြီး Bootting Device တွေကိုပဲ ပါဝါသုံးစွဲခွင့်ပြုလိုက်တာဖြစ်တဲ့အတွက် ၀င်းဒိုးဟာ ခဏတာ Shutdown ဖြစ်သွားပြီး New program window အဖြစ်နဲ့ Boot ပြန်တက်လာပါတယ် .. အရင်ကလုပ်ခဲ့သမျှ အချက်အလက်တွေအားလုံးနဲ့ Error တွေအားလုံးကို မှတ်တမ်းထဲကနေ ဖျက်ထုတ်ပစ်လိုက်တာဖြစ်တဲ့အတွက် ၀င်းဒိုးစနစ်ရဲ့ အရေးပေါ် Refresh mode ဆိုရင်လည်း မမှားပါဘူး ..

Shutdown mode

သူကတော့ ရှင်းပါတယ် Device တွေအားလုံးမှာသုံးစွဲနေသမျှ ပါဝါတွေအားလုံးကို Off လုပ်ပစ်လိုက်တာဖြစ်တဲ့အတွက် ကွန်ပြူတာကြီးတစ်ခုလုံး ပိတ်သွားပါတယ် .. ပါဝါခလုတ်ကိုနှိပ်ပြီး ပြန်မဖွင့်မချင်း ၀င်းဒိုးလုံးဝမပွင့်တော့ပါဘူး ...

Shutdown လုပ်ပြီးသွားတဲ့ကွန်ပြူတာတစ်လုံးဟာ ၀င်းဒိုးကို ပြန်ဖွင့်လိုက်ပြီဆိုတာနဲ့ Boot တက်ဖို့အတွက် လိုအပ်တဲ့ hardware ပိုင်းတွေကို စစ်ဆေးပါတယ် .. စုံလင်ကောင်းမွန်မှုရှိတယ်ဆိုတာနဲ့ "တီ" ဆိုတဲ့ အသံလေးတစ်ချက်ပေးပြီး ၀င်းဒိုးအတွက်လိုအပ်တဲ့ဖိုင်တွေနဲ့ Start up မှာပွင့်မယ့်ဖိုင်တွေကို အစီအစဉ်အလိုက် ဖတ်ရင်း တစ်ဆင့်ချင်းပွင့်လာရာကနေ ၀င်းဒိုးစနစ်ကြီး ပုံမှန်မောင်းနှင်လာပါတယ် ..
ဝင်းဒိုးတက်လာဖို့လိုအပ်တဲ့ဖိုင်တွေကို ရှာဖွေတာ၊ ဖတ်တာ၊ Command တွေအတိုင်း အလုပ်လုပ်တာ အဲဒီလိုများပြားတဲ့ ဆောင်ရွက်စရာတွေကို လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် ၀င်းဒိုးတစ်ခုပွင့်လာဖို့ဆိုတာ အချန်အနည်းငယ်မျှလောက်လိုအပ်ပါတယ် ..

အဲ .. Window 8 ကျတော့ ဘာဖြစ်လို့ Boot တက်တာနဲ့ Shutdown ကျတာ မြန်သွားရတာလဲ ..

အဖြေကတော့ရှင်းပါတယ် .. Shutdown ပေးလိုက်တဲ့အချိန်မှာ ၀င်းဒိုးစနစ်အတွက်အသုံးပြုနေတဲ့ အခြေအနေတွေကို မှတ်သားကျက်မှတ်လိုက်ပါတယ် .. နောက်တစ်ကြိမ်ဝင်းဒိုးတက်လာရင် ရှာဖွေဖတ်ရှုနေစရာမလိုပဲ မြန်မြန်ပြန်ပြီး မှတ်မိနေအောင်ပါ .. အဲဒီစနစ်ကို Hydrid Shutdown လို့ခေါ်ပါတယ် ..
နောက်ဆစ်ကြိမ် ၀င်းဒိုးကိုဖွင့်လိုက်တဲ့အခါမှာ အရင် Shutdown ကျခါနီးမှာ မှတ်သားထားတဲ့ ၀င်းဒိုးဆိုင်ရာ အခြေအနေတွေကို ပြန်ပြီး Refresh လုပ်ပြီး boot ပြန်တက်လာတာဖြစ်လို့ အဲဒီလုပ်ဆောင်ချက်ကို Hybrid Boot လို့ခေါ်ပါတယ် ..
Boot တက်ဖို့လိုအပ်တဲ့ဖိုင်တွေကို ရှာဖွေနေစရာ၊ Command line တွေကိုလက်ခံပြောင်းလည်းပေးနေစရာ စတဲ့ကိစ္စတွေ သက်သာသွားတဲ့အတွက် Window 8 ဟာ Boot တက်တာနဲ့ Shutdown ကျတာ သိပ်ကိုမြန်သွားတာပါ ..  အောက်ကပုံကတော့ Window 8 ရဲ့ ပထမဆုံး Boot တက်ပုံနဲ့ နောက်တစ်ကြိမ် Boot တက်လာပုံကို မြင်သာအောင် ပြထားတာပါ ..


အဲဒါဆိုရင် မေးခွန်းတစ်ခုပေါ်လာပါပြီ ..
Window 8 ဟာ Shutdown ကျသွားရင် အဲဒီမှတ်သားထားမှုတွေကို ဆက်လက်တည်မြဲနေနိုင်ဖို့ ပါဝါကိုဘယ်လိုထိန်းထားသလဲ .. နောက်ပြီး Window 8 ကို Shutdown ချလိုက်ရင် တစ်ကယ်ရော အပြည့်အ၀ Shutdown ကျသွားသလား .. နောက်တစ်ကြိမ် ၀င်းဒိုးတက်တဲ့အခါမှာ Cold Boot ရော ဖြစ်ရဲ့လား ..

အဲဒီမေးခွန်းတွေအားလုံးအတွက် ကျွန်တော့်ရဲ့ ပုဂ္ဂလိကအဖြေကတော့ "NO" ပါခင်ဗျာ ..
Window 8 ဟာ Shutdown ချလိုက်ပေမယ့် တစ်ကယ်ပဲ Completely Shutdown ကျမသွားပါဘူး
လက်တွေ့စမ်းသက်ချင်တယ်ဆိုရင်တော့ တခြားဝင်းဒိုးစနစ်တင်ထားတဲ့ကွန်ပြူတာကို Shutdown ချလိုက်ပါ .. Mouse နဲ့ Keyboard မှာရှိတဲ့ Signal မီးတွေပိတ်သွားပါလိမ့်မယ် ..
အဲ .. Window 8 ကတော့ Shutdown ချလိုက်ပေမယ့် Mouse နဲ့ Keyboard က signal မီးတွေပိတ်မသွားပါဘူး .. (သူက မှတ်ထားတာကိုး)
အဲဒီလို ဘယ်လောက်ကြာကြာအထိ signal မီးတွေလင်းနေမှာလဲ .. ဟုတ်ကဲ့ .. UPS ကို ပိတ်လိုက်မှ သူတို့လည်း ပိတ်သွားပါမယ် .. (ဒါတောင်မှ Power Supply ထဲမှာ Storage လုပ်ထားတဲ့ ပါဝါတွေကို သုံးလို့ရသလောက်သုံးပြီးမှ ပိတ်သွားမှာဖြစ်ပါတယ်)
အဲဒါဆို UPS ကို မပိတ်ပဲထားကြည့်ရင်ရော .. ဟုတ်ကဲ့ .. ကွန်တော် ၅နာရီတိတိကြာအောင် ထားကြည့်ပြီးပါပြီ .. လုံးဝမပိတ်ပါခင်ဗျာ .. တစ်ချို့ Beta version တွေဆိုရင် Shutdown ချပြီးတာတောင် Mouse ကိုပြန်ကိုင်ပြီး ကလစ်တစ်ချက်လောက်နှိပ်လိုက်ရင် ၀င်းဒိုးပြန်တက်လာတာကို တွေ့ရပါတယ် ..
ကဲ .. အဲဒါကြောင့် Window 8 ဟာ တခြားဝင်းဒိုးတွေထက် အပိတ်အဖွင့်ပိုင်းဆိုင်ရာမှာ သိသိသာသာကြီး ထူးကဲသာလွန်နေရတာပါ ..
အင်း .. အခုရှုပ်မှနောင်ရှင်း .. မကောင်းတဲ့ရှုထောင့်ကနေ သုံးသပ်ကြည့်လိုက်ဦးစို့ ..
ကျွန်တော်တို့ ၀င်းဒိုးတစ်ခုကို စနစ်တကျ Shutdown မချပဲ အကြောင်းကြောင်းကြောင့် မတော်တဆ Shutdown ကျသွားခဲ့ရင် အဲဒီဝင်းဒိုးကိုပြန်ဖွင့်တဲ့အခါ ဘာတွေဖြစ်တတ်သလဲ .. အားလုံးလည်း ကြုံဖူးတဲ့ကိစ္စတစ်ခုပါပဲ .. Screen အမည်းကြီးနဲ့ စာတွေအများကြီးတက်လာပြီး များသောအားဖြင့် Start Window Normally ဆိုတာလေးကိုပဲ ရွေးပြီး ၀င်းဒိုးပြန်တက်ခဲ့ရတယ်လေ .. အဲဒါ .. ၀င်းဒိုးအတွက်တင်မဟုတ်ပဲ အချို့သော Device တွေအတွက် Error ၀င်တာပေါ့ .. အဲဒီလို ခဏခဏဖြစ်လာရင်တော့ ကျွန်တော်တို့ရဲ့ဝင်းဒိုးဟာ တစ်နေ့တစ်ခြားပြဿနာတွေ များများလာတာပါပဲ (ဥပမာ- မကြာခဏ Hang တတ်တာမျိုးပေါ့ .. )

ကဲ .. Window 8 ကို Shutdown ချပြီးသွားရင် ကျွန်တော်တို့ UPS ကိုမပိတ်ပဲ ပါဝါဆက်လွှတ်ပေးထားမလား .. အဲဒီလိုလုပ်နိုင်ရင်တော့ အဆင်ပြေပါတယ် .. သေချာတာကတော့ ပါဝါကိုပိတ်လိုက်မှာပါပဲ ..
အဲဒါဆိုရင် Window 8 ရဲ့ အလုပ်လုပ်နေဆဲဖြစ်တဲ့ System တစ်ချို့ စနစ်တကျ Shutdown လုပ်ခွင့်မရသလိုဖြစ်သွားမှာပေါ့ .. သူတို့အတွက် Error တွေတက်သွားမှာပေါ့ ..
အဲဒီလို Error မျိုးက သေးသေးလေးတွေပါ .. ဒါပေမယ့် Shutdown ချတဲ့အချိန်တိုင်း အဲဒီလို Error မျိုးတွေ ဖြစ်ဖြစ်နေမှာဆိုတော့ ....တစ်ကယ်တမ်း ကျွန်တော့်အမြင်အရပြောရရင် Window 8 ရဲ့ Shutdown function ဟာ Sleep function နဲ့ တော်တော်လေး နီးနီးစပ်စပ် တူနေပါတယ် ..
အင်း .. Memory နည်းတဲ့စက်မျိုး Processor နိမ့်တဲ့စက်မျိုးဆိုရင်တော့ သိပ်မကြာပါဘူး .. Window 8 ကိုသုံးရတာ ခဏခဏ Hang တာပဲဆိုတဲ့ အဖြစ်မျိုးတွေ ကြုံလာရမှာပါ ..
အဲဒါဆိုရင် သုံးလို့ကောင်းတဲ့အပြင် Latest လည်းဖြစ်လို့ Window 8 ကိုပဲသုံးချင်တယ်ဆိုတဲ့သူတွေအတွက် ဘယ်လိုလုပ်မလဲ .. ဟုတ်ကဲ့ .. Window 8 ကို Completely Shutdown ချနိုင်အောင် လုပ်ပေးရမှာပေါ့ ..
ဘယ်လိုလုပ်မှာလဲ .. Control Panel ထဲကနေ၀င်ပြီးပြင်စရာတော့ရှိပါတယ် .. ဒါပေမယ့် ကျွန်တော်စမ်းကြည့်တာတော့ ကျွန်တော်လိုချင်သလို ဖြစ်မလာဘူးဗျာ .. (ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းတာလည်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)
အဲဒါကြောင့် .. လမ်းရိုးလေးအတိုင်း Window 8 ကို Shutdown ချကြည့်လိုက်တာ အဆင်ပြေသွားတယ် ..
အဲဒီနည်းက Window 8 ကို လုံးဝအမှန်အကန် Shutdown ချလိုက်တာဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ၀င်းဒိုးကိုပြန်ဖွင့်ရင် အရင်ကထက် စက္ကန့်အနည်းငယ်စာတော့ အချိန်ပိုကြာသွားပါတယ် .. ဒါပေမယ့် ကိုယ့်ကွန်ပြူတာရဲ့ ကျန်းမာရေးအတွက် အဲဒီစက္ကန့်ပိုင်းလောက်ကိုတော့ စိတ်ရှည်သင့်ပါတယ် ..
 ကဲ .. ဘယ်လိုနည်းလဲ .. (ဟူး .. အခုမှ တစ်ကယ်ရေးမယ့်နေရာကို ရောက်တယ် .. :D )

ပထမဆုံး Desktop ပေါ်က လွတ်နေတဲ့တစ်နေရာရာမှာ Right Click နှိပ်ပြီးပေါ်လာတဲ့ထဲက New အဲဒီ New ကနေမှ Shortcut ကိုရွေးလိုက်ပါ


Shortcut ကိုနှိပ်လိုက်လို့ ပွင့်လာတဲ့ထဲက Type the location of the item: ဆိုတဲ့ အကွက်ထဲမှာ အောက်ကကုဒ်တွေကို ထည့်ပေးလိုက်ပါ ..

shutdown.exe -s -t 00


အောက်မှာ ပုံနဲ့ပြထားပါတယ် .. 



ပြီးရင်တော့ Next ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်း တက်လာပါမယ် ..



အဲဒီမှာမှ Shortcut ကို ကိုယ်ပေးချင်တဲ့နံမည်ပေးလိုက်ပါ .. ကျွန်တော်ကတော့ Default မှာ ပေးထားတဲ့အတိုင်း Shutdown လို့ပဲ ထားလိုက်ပါတယ် ..  ပြီးပြီဆိုရင်တော့ Finish ကိုနှိပ်ပေးလိုက်ပါ ..
အဲဒါဆိုရင် Desktop ပေါ်မှာ ကိုယ်ပေးထားတဲ့နံမည်နဲ့ Shortcut icon လေးတစ်ခုရောက်နေပါမယ် ..

သူ့ကိုမှ icon ပုံပြောင်းချင်သေးရင် သူ့ကိုပဲ Right Click နှိပ်ပြီး အောက်ဆုံးက Properties ကိုနှိပ် ..
ပွင့်လာတဲ့ထဲက Change icon ကိုနှိပ်ပြီး (Administrator Prompt တက်လာရင် OK ကိုနှိပ်) ပွင့်လာတဲ့ထဲက ကိုယ်ကြိုက်တဲ့ icon ပုံကို ကလစ်ပေး Apply နှိပ် OK နှိပ် .. ဒါဆိုရင် .. Desktop ပေါ်မှာ Window 8 ကို completely shutdown ချပေးမယ့် Shortcut လေးတစ်ခု ရသွားပါပြီ Window ကို Shutdown ချချင်တဲ့အခါ အဲဒီ Shotrcut လေးကို double click နှိပ်ပေးလိုက်တာနဲ့ ချက်ချင်းပဲ .Shutdown ကျသွားပါမယ် ..
Mouse တွေရော Keyboard တွေရော မီးတွေ ပိတ်သွားတာကို တွေ့ရပါလိမ့်မယ် .. ဒါမှ တစ်ကယ် Completely Shutdown ဖြစ်သွားတာပါ .. 

ကဲ .. Window 8 သမားတွေ အဆင်ပြေနိုင်ကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်က သူငယ်ချင်းတွေအားလုံးကို လေးစားခင်မင်လျှက်

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers