Blogger Widgets

Thursday, April 25, 2013

WINDOWS 8 ၏ REFRESH FEATURE သစ်ကိုအသုံးပြုခြင်း




အရင်က Windows  တွေကို install လုပ်တဲ့အခါမှာ Windows ကိုပြန်လည် install  လုပ်ရတဲ့အပြင် ပရိုဂရမ်တွေကို ပြန်လည် install လုပ်ခြင်း၊  personal preference တွေကို ပြန်လည် သတ်မှတ်ခြင်းစတဲ့ လုပ်ဆောင်ချက်များအတွက် နာရီပေါင်းများစွာ အချိန်ကုန်ခံပြီး ပြုလုပ်ရပါတယ်။ ဒါပေမဲ့ Windows 8 မှာတော့ Microsoft က အသစ်ထည့်သွင်းပေးထားတဲ့ Refresh နဲ့ Reset feature တွေပါဝင်လာပြီး ၎င်းတို့ဟာ လုပ်ဆောင်ချက် တစ်ခုလုံးကို ပြန်လည် install ပြုလုပ်ရာမှာ ရိုးရှင်းစွာနဲ့ ပြုလုပ်နိုင်ပြီး PC အရှေ့မှာ ထိုင်နေရတဲ့ အချိန်ပမာဏတို့ကို လျှော့ချပေးနိုင်ပါတယ်။

Refresh

Refresh option ဟာ Windows ကို ပြန်လည် install လုပ်ပေးပေမယ့် ကိုယ်ပိုင် လုပ်ဆောင်ချက်များနဲ့ ဖိုင်များကိုတော့ သိမ်းဆည်းပေးထားပါတယ်။ PC setting များကိုတော့ default အတိုင်း reset လုပ်ပေးပေမယ့် Microsoft App Store မှ download လုပ်ထားတဲ့ app တွေကိုတော့ သိမ်းဆည်းပေးထားပြီး ရွှေ့ပြောင်းလိုက်တဲ့ app list ကိုလည်း desktop ပေါ်မှာ တင်ပြီး ဖော်ပြပေးပါတယ်။ Refresh feature ဟာ Windows product key ကို ပြန်လည် ထည့်သွင်းပေးစရာပါဘူး။ နောက်ပြီး system performance ကို recover လုပ်ခြင်းအတွက်လည်း အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

(1) Win+R ကိုနှိပ်ပြီး Run box ကိုဖွင့်ပြီး အောက်ပါအတိုင်း ရိုက်ထည့်ပါ။
 
%systemroot%\system32\control.exe /name Microsoft.Recovery ဒါမှမဟုတ် Charms bar> Settings> More PC settings> General သို့သွားပြီး Refresh section သို့ သွားပါ။

(2) Refresh section အောက်တွင် Get Started ခလုတ်ကိုနှိပ်ပါ။

(3) Onscreen လမ်းညွှန်ချက်များအတိုင်းလုပ်ပြီး “Ready to refresh your PC” screen သို့သွားပါ။ ထို screen သို့ရောက်တဲ့အခါမှာ laptop ဆိုရင် charger ကို တပ်ထားဖို့ လိုပါတယ်။

(4) ထို့နောက် ကွန်ပျူတာက reboot လုပ်ပြီး Refresh လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်မှာဖြစ်ကာ လုပ်ငန်းစဉ် ပြီးဆုံးသွားတဲ့အခါမှာ Start screen ပြန်ပေါ်လာပါမယ်။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers