Blogger Widgets

Thursday, April 4, 2013

Google မှာ အသံနဲ့အမိန့်ပေးပြီးရှာမယ်



ဒီနည်းလမ်းကိုတော့ မိတ်ဆွေ တော်တော်များများသိပြီးကြလိမ့်မယ်ထင်ပါတယ်.. ဒါပေမယ့် မသိသေးသူတွေအတွက်မျှဝေလိုက်တာပါ.. Computer နဲ့ အင်တာနက်သုံးနေရင်း Google မှာ ရှာစရာလိုလာတဲ့အခါ အသံနဲ့ အမိန့်ပေးစေခိုင်းနိုင်ပါတယ်.. သူက Oweb Voice Input လို့ခေါ်တဲ့ Extension လေးတစ်ခုဖြစ်ပြီး Google Chrome Browser နဲ့သုံးရတာဖြစ်ပါတယ်..

1. Chrome Browser ကိုအသုံးပြုပြီး အောက်ကလင့်ကို သွားလိုက်ပါ.. ( Skip ကျော်ပြီး Chrome Extension ရှိတဲ့နေရာကို ရောက်အောင်သွားပါ )
Click Here !
  

2. ရောက်ရင်ညာဘက်နားက Add to Chrome ကိုနှိပ်လိုက်ပါ.. ခဏစောင့်နေလိုက်ပါ..
3. ပြီးသွားရင်တော့ www.google.com ကိုခေါ်လိုက်ပါ.. Search Box ရဲ့ ညာဘက်နားလေးမှာ Mic သင်္ကေတ အရုပ်ကလေးကို တွေ့ရမှာဖြစ်ပါတယ်. ဒါကိုတစ်ချက်နှိပ်လိုက်ရင် Speak Now ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်..

 ဒါဆို အမိန့်ပေးလို့ရပါပြီ.. အင်္ဂလိပ်သံပီပီသသနဲ့ ရှင်းရှင်းလင်းလင်း အမိန့်ပေးပြီး ကိုယ်လိုချင်တာ ရှာဖွေနိုင်ပါပြီ...

မှတ်ချက်= ငါးပိသံ နားမလည်ပါ.  (တိန်) !

အဆင်ပြေပါစေ...

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers