Blogger Widgets

Wednesday, April 3, 2013

ဂူဂယ်မှာ ဥုံဖွလုပ်နိုင်ပြီ

ဂူဂယ်မှာ ဥုံဖွလုပ်နိုင်ပြီ

ဒီဗွီဘီ - ၀၄ ဧပြီ ၂၀၁၃

ဂူဂယ်မြန်မာ အင်တာနက်စာမျက်နှာ www.google.com.mm မှာ မြန်မာလို ဖော်ပြချက်၊ မြန်မာစာသုံးပြီး ရှာဖွေမှုများကို ပြုလုပ်နိုင်အောင် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

ဂူဂယ်မြန်မာ ၀ပ်ဆိုဒ်ကို Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို လာရောက်မလည်ပတ်မှီ တရက်အလို မတ်လ(၂၁) ရက်နေ့က စတင်ကာ မြန်မာဒိုမိန်းနဲ့ www.google.com.mm ကို လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ့တုန်းက အင်္ဂလိပ်ဘာသာနဲ့သာ ဖော်ပြထားပေမယ့် ဒီနေ့မှာ မြန်မာဘာသာ ၀န်ဆောင်မှုကိုပါ ထည့်သွင်းပြောင်းလိုက်တာ တွေ့ရပါတယ်။ 

ဂူဂယ်မြန်မာဝပ်ဆိုဒ်ရဲ့ မြန်မာဘာသာကို အသုံးပြုနိုင်ဖို့အတွက် Myanmar 2, Myanmar 3 Font လိုအပ်ပြီး ဖောင့်မရှိသူများအနေနဲ့ google search box ထဲမှာ ကီးဘုတ်ပုံစံနဲ့ input tool ကိုအသုံးပြုလို့ရပါတယ်။ 

Google ကုမ္ပဏီ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံကို မတ်လ(၂၂)ရက်နေ့မှာ လာရောက်ခဲ့စဉ်တုန်းက နိုင်ငံတွင်းမှာ အင်တာနက် ထိန်းချုပ်မှုကို ပိုမိုဖွင့်ပေးဖို့ လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့သလို သူ့ခရီးစဉ်နောက်ပိုင်းမှာ ဂူဂယ်ရဲ့ ၀န်ဆောင်မှု Google Play Store ကိုလည်း မြန်မာနိုင်ငံကနေ တရားဝင် အသုံးပြုလာနိုင်ခဲ့ပါတယ်။

အခုလက်ရှိ ဂူဂယ်မြန်မာ စာမျက်နှာပေါ်မှာ တွေ့ရတဲ့ "Google.com.mm အမည်များအား ဈေးလျော့ပေးနေသည်မှာ" စာကြောင်းရဲ့ ဆိုလိုရင်းကို အင်တာနက်သုံးစွဲသူအချို့ နားမလည် ဖြစ်နေပေမယ့် ဘေးနားက English လင့်ကို နှိပ်လိုက်ရင်တော့ အင်္ဂလိပ်ဘာသာ စာမျက်နှာကို ပြောင်းလဲသွားတာ တွေ့ရပါတယ်။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers