Blogger Widgets

Tuesday, March 12, 2013

မယုံလို့စမ်းကြည့်လိုက်တာ .. အံ့ရောဗျာ အံ့ရော - Windows xp သမားများအတွက် -


တစ်ကယ်ပါဗျာ .. Google မှာ လှည်ပတ်မွှေနှောက်နေရင်း ဒီဆော့ဝဲလေးကိုတွေ့လာတာပါ
ဖတ်ကြည့်လိုက်တော့လည်း မယုံချင့်ယုံချင်ပါပဲ .. တွေးကြည့်မိသေးတယ် .. နိုင်ငံခြားသား
ဘလော့ကာတွေက တစ်ခါတစ်ခါကျရင် အလွန်အကျွံကြီးတွေ ရေးတတ်လွန်းလို့ ဟုတ်နိုင်မယ်ထင်ပါဘူးလို့
ဒါပေမယ့် . ကျွန်တော့်အကျင့်ကလည်း IT နဲ့ပတ်သက်ရင် ကိုယ်တိုင်စမ်းသပ်ကြည့်ပြီးမှ မှန်တယ်မမှန်ဘူး
ဆုံးဖြတ် .. အများအတွက် အဆင်ပြေနိုင်မယ့်ကိစ္စမျိုးဆိုရင် ပို့စ်အဖြစ်တင်ပေး .. ကိုယ့်စမ်းသပ်မှုကြောင့်
ကိုယ်တိုင်ဒုက္ခရောက်သွားတဲ့ နည်းပညာမျိုးဆိုရင် ခပ်တည်တည်နဲ့ လူမသိအောင်နေရင်း ..
ဆရာကြီးဂိုက်မပျက်အောင် ဟန်ကိုယ့်ဖို့သဘောနဲ့ ဆက်နေ .. ဒီလိုပဲ ပုံမှန်လည်ပတ်နေတာလေ ..

အခုလည်း ကြည့်လိုက်ဦး .. အဲဒီဘလော့ကာ ရေးထားတာက ဒီဆော့ဝဲလေးကို Windows XP မှာ Install
လုပ်ပေးလိုက်ရုံနဲ့ အဲဒီ Windows XP ဟာ Windows Vista ဖြစ်သွားပါလေရောတဲ့ဗျာ ...
သူငယ်ချင်းတို့လည်း စဉ်းစားကြည့် .. ယုံနိုင်မှာမဟုတ်ဘူး ... Skin pack ဆိုရင်တောင် ဟန်ဆောင်ပန်ဆောင် ၀င်းဒိုးပဲရမှာပေါ့ .. အလုံးစုံတော့ ဘယ်ပြောင်းပစ်နိုင်ပါ့မလဲ ..
ဒါနဲ့ ကျွန်တော်လည်း ဆော့ဝဲလေးကို ဒေါင်းယူပြီး Windows xp တင်ထားတဲ့ စက်တစ်လုံးမှာ
Install လုပ်ကြည့်လိုက်တာ ... အားလားလား ... တစ်ကယ်ဗျို့ .. ချက်ချင်းဆိုသလိုပဲ ..
Windows xp ကြီးတစ်ခုလုံး အပြင်အဆင်တွေကစ Partition ... Folder အနေအထား File တည်ဆောက်ပုံအားလုံးပဲ Windows Vista ကြီး ဖြစ်သွားတယ်ဗျို့ .. အံ့ရောအံ့ရော ...
တခြားဘာတွေများ Error တက်နိုင်သေးလဲလို့ Checking တွေ တော်တော်များများ လုပ်ကြည့်လိုက်သေးတယ်
အားလုံးပဲ အဆင်ပြေပြေနဲ့ Vista ကြီး ဖြစ်မှန်းသိသိကြီးနဲ့ကို ဖြစ်နေတော့တာပဲဗျို့ ..

ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းတွေ ဒီမှာ သာဒေါင်းလိုက်ကြပေတော့ဗျာ ..


ဒေါင်းပြီးရင်တော့ အထဲမှာပါတဲ့ Application ဖိုင်လေးကို Install လုပ်လိုက်ရုံပါပဲ .. ( Windows xp အတွက်နော် )
Install လုပ်နေဆဲမှာပဲ တဖြည်းဖြည်းအသွင်ပြောင်းလာတဲ့ Windows xp ကို တွေ့ရမှာပါ ..
Install လုပ်ပြီးရင်တော့ Windows ကို Restart ချပေးလိုက်ပါဦး ..
ကဲ .. Windows xp ကနေ Windows Vista ကို ခုန်ပေါက်ရောက်ရှိနိုင်ပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

The program which can turn your Windows xp into Windows Vista (Vistamizer)


When I fond this program, I couldn't believe the discribsion of the software developer.
But, when the software was downloaded and installed in my computer, I felt amazing.
Because the software turned my windows xp into widows vista as soon as I had
installed it. How amazing program it is!
If you are the one who have used windows xp and wish to change your windows xp 
to upgrde windows (i.e. Widows vista), you need to do just one. It is to install the program I have said.

Click HERE to download the program.

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers