Blogger Widgets

Friday, February 15, 2013

Folder တွေကိုဖျောက်ဖို့ Password နဲ့ ကာကွယ်ဖို့ ကိုယ်ပိုင်ဆော့ဝဲလေး ရေးရအောင်

ကိုယ် လျှို့ဝှက်ထားလိုတဲ့ ဖိုင်တွေကို ဖိုလ်ဒါလေးတစ်ခုထဲမှာ ထည့်ပြီး Password နဲ့ ကာကွယ်ထားရုံသာမကပဲမြင်ကွင်းထဲမှာပါ ရှိမနေအောင် Hide လုပ်ပေးထားမယ် Folder Lock ဆော့ဝဲလေးကို ဒီနေရာမှာ တင်ပေးခဲ့ဖူးပါတယ်
ဒါပေမယ့် ... ဆော့ဝဲတွေရဲ့ သဘောအရ ၀င်းဒိုး Platform နဲ့ Compatible မဖြစ်တာတွေ ရှိတဲ့အပြင် User တွေရဲ့ မကျွမ်းကျင်မှုကြောင့် ကိုယ် လော့ချထားတဲ့ Folder ဟာ Password အမှန်နဲ့တောင် ဖွင့်လို့မရတော့ပဲ Uninstall လည်းလုပ်လို့မရ .. အထဲကဖိုင်တွေကိုလည်း ယူသုံးမရနဲ့ 
စိတ်ညစ်ရတဲ့ ဖြစ်ရပ်မျိုးတွေ နေရာတကာမှာ ကြုံတွေ့နေရတာ လေ့လာမိပါတယ် .. ဒါ့အပြင် Folder Lock ထဲမှာ ထည့်ဝှက်ထားတဲ့ ဖိုင်တွေကို တစ်ခါတစ်ခါမှာ Search Box ကနေ 
ရိုက်ထည့်ပြီး ရှာလိုက်ရင် တွေ့နိုင်ရုံသာမကပဲ တစ်ချို့ဖိုင်တွေဆိုရင် Password တောင်မလိုပဲ ဖွင့်လို့ရတာမျိုးတွေ ကြုံဖူးပါတယ်နိုင်ငံခြား Forum တွေမှာလည်း Folder Lock လို ဆော့ဝဲမျိုးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဟိုးလေးတကြော်ကြော်မေးမြန်းဆွေးနွေးနေကြတာ တွေ့ရပါတယ် .. 
ကျွန်တော်လည်း Folder Lock ရဲ့ Error တွေကို ကျော်ဖြတ် ( Bypass ) လုပ်နိုင်မယ် နည်းလမ်းတွေကို စမ်းသပ်နေတာ 75% လောက်တော့ Confirm ဖြစ်နေပါပြီး 100% Confirm ဖြစ်တာနဲ့ တင်ပေးပါဦးမယ်
ကဲ .. ဒီနေ့တော့ အဲဒီလို 3rd party software တွေ မသုံးတော့ပဲ ကိုယ်ပိုင်ပရိုဂရမ်ငယ်လေးတစ်ခု ရေးသားပြီး ကိုယ်လျှို့ဝှက် သိမ်းဆည်းထားလိုတဲ့
ဖိုင်တွေ ဖိုလ်ဒါတွေကို ဘယ်သူမှမမြင်နိုင်အောင် ဖျောက်ထားနိုင်မယ့် နည်းလမ်းလေးတစ်ခုကို မျှဝေပေးပါ့မယ် .. ဒီနည်းလမ်းကို အသုံးပြုပြီး ၀ှက်ထားတဲ့ ဖိုလ်ဒါတွေကို ၀င်းဒိုးကတောင် ရှာလို့မတွေ့နိုင်ပါဘူး .. နောက်ပြီး ကိုယ့်အနေနဲ့ ကိုယ်ပေးထားတဲ့ Password မေ့သွားရင်လည်း Folder Lock လို Uninstall လုပ်လို့မရလောက်အောင် ခက်ခဲမှုမရှိပါဘူး ..
သေချာတာတစ်ခုက Folder Lock ဆော့ဝဲ တော်တော်များများထက် ပိုပြီး ကောင်းတယ်ဆိုတာပါပဲ
ကဲ .. စလိုက်ကြစို့ .. 
ပထမဆုံး Notepad တစ်ခုဖွင့်လိုက်ပါ .. 
အဲဒီ Notepad ထဲမှာ အောက်က ကုဒ်တွေကို ကူးယူပြီး Paste လုပ်လိုက်ပါ ..

cls
@ECHO OFF
title Folder Confidential
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Confidential goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Confidential "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter the Password to unlock folder
set/p "pass=>"
if NOT %pass%== ဒီနေရာမှာ ကိုယ်ကြိုက်တဲ့ Password ထည့်ပါ goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Confidential
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md confidential
echo Confidential created successfully
goto End
:End


သတိထားရမှာက if NOT %pass%== ပြီးရင် Space Bar တစ်ချက်ခြားပြီးမှ Password ထည့်ပါ Password ပြီးရင် Space Bar တစ်ချက်ခြားပြီးမှ goto FAIL ၀င်ပါတယ် ..
ပြီးရင် Notepad ရဲ့ ဘယ်ဖက်အပေါ်ဒေါင့်နားက File ကိုနှိပ်ပြီး ကျလာတဲ့ထဲက Save as ကိုနှိပ်ပါ ..

ပွင့်လာတဲ့ထဲက File name အကွက်ထဲမှာ key.bat (key ဆိုတဲ့နေရာမှာ ကိုယ်ကြိုက်တဲ့ နံမည်ပေးနိုင်ပါတယ်)
လို့ ရိုက်ထည့်ပါ
Save as type အကွက်ထဲမှာတော့ All files ကို ရွေးထည့်ပေးပါ .. 
Encoding အကွက်ထဲမှာတော့ Unicode ဒါမှမဟုတ် UTF-8 ကို ရွေးပေးပါ

ကိုယ်သိမ်းဆည်းချင်တဲ့နေရာကို ရွေးပေးပြီး Save ကိုနှိပ်ပေးလိုက်တာနဲ့ အောက်မှာပြထားတဲ့ ပုံအတိုင်း key ဆိုတဲ့ 
Batch  ဖိုင်လေးတစ်ဖိုင် ပေါ်လာပါမယ် ... 
အဲဒီဖိုင်လေးကို Run ပေးလိုက်ရင် CMD windows လေး ဖျပ်ခနဲပွင့်လာပြီး Confidential ဆိုတဲ့အမည်နဲ့ ဖိုလ်ဒါလေးတစ်ခု 
ပေါ်လာပါမယ် ..

အဲဒီဖိုလ်ဒါလေးထဲမှာ ကိုယ်သိမ်းထားချင်တဲ့ ဖိုင်တွေကို ထည့်ပြီး key ဖိုင်လေးကို နောက်တစ်ခါ ထပ်ပြီး Run လိုက်ရင်
အောက်မှာပြထားတဲ့အတိုင်း လျှို့ထားမှာ သေချာလားလို့မေးတဲ့ CMD windows လေး တက်လာပါမယ်

y ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ရင် Confidential ဖိုလ်ဒါလေးဟာ အရောင်လေးမှိန်သွားပါမယ် .. 
မပျောက်သွားဘူးလို့ မထင်ပါနဲ့ Refresh ( F5 ) လုပ်ပေးလိုက်တာနဲ့ အဲဒီဖိုလ်ဒါလေးဟာ မြင်ကွင်းထဲကနေ ပျောက်သွားပါလိမ့်မယ်
ဘယ်လောက်အထိများ ပျောက်သွားလဲဆိုရင် Windows ရဲ့ Search Engine ကတောင် မရှာနိုင်အောင် ပျောက်သွားပါတယ် ..
ကိုယ့်အနေနဲ့ အဲဒီဖိုလ်ဒါကို ပြန်ဖော်ချင်တယ် အသုံးပြုချင်တယ်ဆိုရင်တော့ key ဆိုတဲ့ ဖိုင်လေးကို ပြန် Run ပေးလိုက်ပါ .. 
အောက်မှာ ပြထားတဲ့အတိုင်း CMD windows လေးတက်လာပြီး Password တောင်းပါလိမ့်မယ် ..

ကိုယ်သတ်မှတ်ပေးထားတဲ့ Password ကို ရိုက်ထည့်ပေးပြီး Enter ကို နှိပ်ပေးလိုက်တာနဲ့ Confidential ဖိုလ်ဒါလေးဟာ မြင်ကွင်းထဲကိုပြန်ပေါ်လာမှာ ဖြစ်ပါတယ် ..

ကဲ .. ဖိုလ်ဒါတွေကို ဖျောက်ထားဖို့နဲ့ Password နဲ့ ကာကွယ်ထားဖို့ Program တစ်ခုတော့ ရသွားပြီ ..
ဒါပေမယ့် သူ့ရဲ့အားနည်းချက်လေးရှိနေသေးတယ် ...
အဲဒါက ဘာလဲဆိုတော့ အခု ကျွန်တော်တို့လုပ်ထားတဲ့ key ဆိုတဲ့ .bat ဖိုင်လေးကို Right Click နှိပ်ပြီး ပွင့်လာတဲ့ထဲက edit ကိုနှိပ်လိုက်ရင် ကျွန်တော်တို့ ရေးထားတဲ့ Code တွေ အကုန်ပေါ်လာတယ် ..
အဲဒီတော့ ကျွန်တော်တို့သတ်မှတ်ထားတဲ့ Password ကို အလွယ်တကူ သိသွားနိုင်တာပေါ့ဗျာ ...
ဒီတော့ အဲဒီလို ဖွင့်ကြည့်လို့ မရအောင် အဲဒီ Bat ဖိုင်တွေကို Exe ဖိုင်အဖြစ် ပြောင်းပေးလိုက်ရုံပါပဲ
Bat ဖိုင်ကို Exe ဖိုင်ပြောင်းပေးတဲ့ ဆော့ဝဲဟာ Programmer တွေအတွက် သိပ်ကို အဖိုးတန်တဲ့ ဆော့ဝဲပဲဖြစ်ပါတယ် .. ( ကျွန်တော် ကိုယ်တိုင်လည်း ပေးသာပေးရတာ နည်းနည်းတော့ နှမြောမိသလိုပဲ )
ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့တတ်တဲ့ ကျွန်တော့်ရဲ့ အကျင့်ကြောင့်သာ အဲဒီဆော့ဝဲလေးကို မျှဝေပေးလိုက်ပါတယ် .. ကျွန်တော်လည်း သေရွာကို ယူသွားနိုင်မယ့် ဆော့ဝဲမှ မဟုတ်တာကိုး
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ အောက်မှာ ဒေါင်းယူလိုက်ပါ ..Click here Download

အဲဒီထဲကမှ အပေါ်ဆုံးမှာရှိတဲ့ Bath file ဆိုတဲ့အကွက်ရဲ့ ညာဖက်အစွန်က browse လုပ်တဲ့နေရာလေးကို
နှိပ်ပြီး အစောပိုင်းတုန်းက ကျွန်တော်တို့လုပ်ထားတဲ့ key.bat ဖိုင်လေးကို ရွေးပေးလိုက်ပါ ..
ကျန်တာတွေကို Default အတိုင်းပဲ ထားခဲ့ပြီး အောက်ဆုံးမှာရှိတဲ့ Compile ကိုနှိပ်လိုက်ပါ ..
အဲဒါဆိုရင် key ဆိုတဲ့ Exe ဖိုင်လေးရလာမှာ ဖြစ်ပါတယ် ..
Exe ဖိုင်လေး ရလာပြီဆိုရင်တော့ အရင်က လုပ်ထားတဲ့ key.bat ဆိုတဲ့ ဖိုင်လေးကို Delete လုပ်ပစ်လိုက်လို့ ရပါပြီ ..
ကဲ .. ဒါဆိုရင်တော့ သူငယ်ချင်းတို့ဟာ ဖိုလ်ဒါတွေကို ၀ှက်ထားလို့ရတဲ့ Password ပေးပြီး ကာကွယ်လို့ရတဲ့ ဆော့ဝဲလေးတစ်ခုကို ကိုယ်တိုင်ရေးပြီးသွားပြီလို့ ပြောနိုင်ပါပြီ ..
အဲဒီ Password ကို မေ့သွားရင်တော့ သူငယ်ချင်းတို့ ၀ှက်ထားတဲ့ ဖိုလ်ဒါကို ပြန်တွေ့နိုင်တော့မှာ မဟုတ်ဘူးလို့ ပြောထားပါရစေ ..
အသုံးပြုတဲ့အခါမှာလည်း key ဖိုင်ကို Desktop ပေါ်မှာ Run ရင် Confidential ဆိုတဲ့ ဖိုလ်ဒါဟာ Desktop ပေါ်မှာ တည်ဆောက်မှဖြစ်ပြီး D ဆိုတဲ့ Partition ပေါ်မှာ Run ရင် Confidential ဖိုလ်ဒါဟာ Partition D ပေါ်မှာ တည်ဆောက်မှာ ဖြစ်ပါတယ် ..
ဝင်းဒိုးထဲက Confidential ဖိုလ်ဒါကိုပဲ အသုံးချတာမို့ ဖိုလ်ဒါကိုတော့ နံမည်ပြောင်း ( Rename ) လို့ မရပါဘူး ..
ကဲ .. သူငယ်ချင်းများ အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers