Blogger Widgets

Wednesday, February 20, 2013

Dos Command တွေကိုနိုင်နင်းရင် Antivirus မလိုဘူး


Dos Command ဆိုတာ Command Prompt ကနေ ကုဒ်တွေကိုရိုက်ထည့်ပြီး ၀င်းဒိုးစနစ်နဲ့ ၀င်းဒိုးအပေါ်မှာ မောင်းနှင်နေတဲ့ ပရိုဂရမ်တွေကို ခိုင်းစေနိုင်တဲ့ ကွန်ပျူတာဘာသာစကားတစ်ခုလို့ အကြမ်းဖျဉ်းအားဖြင့် သိရှိထားကြပါတယ် ..
တကယ်တော့ Dos Command မှာ ဒီထက်ပိုတဲ့ အသုံးဝင်မှုတွေရှိပါတယ် ..
ကျွန်တော် ဒီပို့စ်ကိုပေးထားတဲ့ဒေါင်းစဉ်လေးအတိုင်းပဲ .. Dos Command တွေကိုသာ နိုင်နိုင်နင်းနဲ့ အသုံးချတတ်မယ်ဆိုရင် စက်ထဲမှာ Antivirus ပရိုဂရမ်တောင် ထည့်ထားစရာမလိုပါဘူး .. ( နောင် အလျဉ်းသင့်တဲ့အခါမှာ Dos Command ကို သုံးပြီး ဗိုင်းရပ်ရှင်းတဲ့နည်းတွေကို တဖြည်းဖြည်းရေးသွားပေးပါ့မယ် )
ကွန်ပျူတာဆိုင်ရာနည်းပညာတွေထဲမှာ ကျွန်တော်စိတ်အ၀င်စားဆုံးက Dos Command ပါပဲ ..
စိတ်ဝင်စားလို့ ထဲထဲဝင်ဝင်လေ့လာကြည့်လိုက်မှ သိပ်ကိုနက်နဲတဲ့ အသုံးဝင်မှုတွေ Dos Command မှာ မကုန်မခမ်းနိုင်အောင် ရှိနေသေးတယ်ဆိုတာကို စိတ်ဝင်တစားသိလာပါတယ် ..

အချိန်တော်တော်ကြာ လေ့လာဖြစ်ခဲ့သလို အခုထိလည်း လေ့လာနေဆဲပဲဖြစ်ပါတယ် ..
Dos Command ကို အသုံးပြုပြီး ကိုယ်နဲ့ နက်ဝပ်တစ်ခုထဲမှာ အတူရှိနေတဲ့ ကွန်ပြူတာတစ်လုံးကို လုံးဝ သုံးမရတော့အောင်တောင် ဖျက်ဆီးပစ်လိုက်နိုင်ပါတယ် ...
အဲဒီလိုပဲ .. Dos Command ကို အသုံးပြုပြီး ကိုယ့်ရဲ့စက်ထဲကို ၀င်ရောက်လာတဲ့ Virus မှန်သမျှကို ရှင်းလင်းပစ်နိုင်တယ် ..
ကွန်ပျူတာရဲ့ လုပ်ဆောင်ချက်တော်တော်များများကို Dos Command နဲ့ ထိန်းချုပ်နိုင်တယ် ..
Administrator Account ကို Hack ယူနိုင်တယ် ...
ပရိုဂရမ်တွေကို ကိုယ်တိုင်ရေးသားနိုင်တယ် ...
သူများရေးထားတဲ့ ပရိုဂရမ်တွေကို ကိုယ့်စိတ်ကြိုက် ပြုပြင်နိုင်တယ် ...
(ကုဒ်တွေကို နိုင်နိုင်နင်းနင်း သိရှိနားလည်ထားမယ်ဆိုရင်ပေါ့နော်)
ကဲ .. ထားပါတော့ဗျာ ..
Dos Command အကြောင်း ရေးထားတဲ့ စာအုပ်လေးတစ်အုပ် မျှဝေပေးမလို့ပါ ..
လိုချင်တဲ့သူငယ်ချင်းများ အောက်မှ ဒေါင်းယူလိုက်ပါဗျာ
Download here
ဒီစာအုပ်လေးကိုလေ့လာရင်းနဲ့ပဲ .. ကျွန်တော်အပေါ်မှာ ပြောခဲ့တာတွေဟာ တကယ်ဖြစ်နိုင်လောက်တယ်ဆိုတာကို သဘောပေါက်လာပါလိမ့်မယ် ..
နောင် အလျဉ်းသင့်တဲ့အခါမှာလည်း အဆင့်မြင့် Dos Command များ ဆိုပြီး ရေးတင်သွားဖို့ ပြင်နေပါတယ် ...
လောလောဆည်တော့ စာအုပ်လေးနဲ့ လေ့လာထားလိုက်ပါဦး ..

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers