Blogger Widgets

Saturday, January 19, 2013

photoshop နဲ့ Animation တစ်ခု ဖန်တီးကြည့်ရအောင်



blogger ချစ်တဲ့သူတွေအတွက် လေ့လာမှတ်သားလို့ရမယ့် နည်းလေးတစ်ခုကို တင်ပြပေးသွားပါမယ်..
photoshop ကို စိတ်ဝင်စားသူတွေအတွက်ပါ..ဒီပို့စ် ကို ကျွန်တော် ရေးသားတင်ပြခြင်းမဟုတ်ပါဘူး..နေဦးသစ် blogger  မှ ကူးယူတင်ပြပေးခြင်းပါ..photoshop  ကို စိတ်ဝင်စားသူတွေအတွက် အသုံးဝင်လိမ့်မယ် ထင်ပါတယ်..
ကျနော်အခုတလောအလုပ်သိပ်မအားလို့ပါ.နောက်ပြီးphotoshopအခြေခံပိုင်းကိုလေ့လာနေတဲ့မိတ်ဆွေတွေအတွက်အခြေခံပိုင်းနဲ့                  
ဝေးသွားမှာစိုးလို့ပါနောက်ပိုင်းမှာတော့lavel2အဆင့်ကိုတင်ပေးသွားပါတော့မယ်...သေချာလက်တွေ့လိုက်ကျင့်ကြပါ.....။ 
အခုသင်ခန်းစာမှာ ကျွန်တော် ငှက်ပျံနေတဲ့ ပုံ အသေကို ယြူပီး တောင်ပံခက်ပျံနေတဲ့ ပုံစံလုပ်ပြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဌက်ပျံနေတဲ့ ပုံ လုပ်မှာ ဖြစ်တဲ့ အတွက်.. ငှက် တစ်ကောင်ပုံကို စယူပါ့မယ်။ အရင်ဆုံး Photoshop ကို ဖွင့်ပါ။ ပြီးရင် Open >>ကနေ ဌက်ပုံကို ယူပါ့မယ်။



အဆင့် ၂
ကျွန်တော်တို့ ဒီနေရာမှာ နောက်ခံ background က တူနေတဲ့နေရာများတဲ့ အတွက် Magic Want tool ကိုရွေးပီး Shift ကိုနိပ်ပီး အရောင်တူတဲ့နေရာတွေရွေးပါ။ ဌက်ကိုလိုချင်တာ ဖြစ်တဲ့ အတွက် ငှက်ကို ချန်ပီး ကျန်တဲ့နေရာတွေကိုရွေးပါ။


အဆင့် ၃။
ဌက်တစ်ကောင်စာရယ် ဘောင်တွေရယ်မှာ Magic Want tool နဲ့ ရွေးလို့ အပေါ်ပုံကလို အဆင်းလေးတွေနဲ့ ဖြစ်နေပီဆိုရင် ငှက်တစ်ကောင်ပဲ ယူမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့က Select >> Invert ကို ရွေးပေးလိုက်ပါ ။. ဒါဆို ဌက်ပေါ်မှာပဲ့ အဆင်းလေးတွေ (ရွေးထားတာလေး ) ပဲ့ ကျန်နေတာကိုတွေ့ပါလိမ့်မယ်။


အဆင့် ၄ 
Ctrl +C ကို နိပ်ြပီးCopy ယူလိုက်ပါ။ ပြီးရင် File >> New ကိုရွေးပါ။ Background Contents မှာ Transparent ကိုရွေးပါ. Width . Height တို့မှာတော့ စိတ်ကြိုက်ထားနိင်ပါတယ်။


အဆင့် ၅။
New တခု ပွင့်လာပြီဆိုရင် အပေါ်မှာ Copy ယူထားတဲ့ ငှက်ပုံကို Ctrl +V နိပ်ပြီး Paste လုပ်လိုက်ပါ။ မိမိစိတ်ကြိုက် Paste လုပ်တဲ့ ပုံကို ချုံ့ချင် ချဲ့ချင်ရင် Ctrl+T ကို နိပ်ပြီး ချုံ့ချဲနိင်ပါတယ်။


အဆင့် ၆။ 
ကျွန်တော်တို့ ဌက်ပုံကို စိတ်ကြိုက် ပုံစံ ချပြီးပြီဆိုရင် Layer 1 ကို ညာကလစ်ထောက်ပြီး Duplicated Layer ကို ရွေးပြီး ပေါ်လာတဲ့ ဘောက်မှာ OK ပေးပါ ။ ဒါဆို နောက်ထပ် Layer 1 copy ဆြိုပီး နောက်ထပ် Layer တခုပေါ်လာပါလိမ့်မယ်


အဆင့် ၇
ဒီအဆင့်မှာတော့ ကျွန်တော်တို့ Animation လုပ်တဲ့နေရာရောက်ပါပြီ။ အရင်ဆုံး ဌက်ကို တောင်ပံပဲ လူပ်မှာ ဖြစ်တဲ့ အတွက် သိထားရမှာက ခန္ဒာကိုယ် မလူပ်ရပါဘူး။ ဒါကြောင့် ခန္ဒာကိုယ်ကို Pupper warp နဲ့ ချုပ်ပါမယ်။ ဘယ်လို ချုပ်လည်းဆိုရင် စောနက နောက်ထပ်ပေါ်လာတဲ့Layer တခုကို ကလစ်ထောက် Edit >> Pupper warp ကိုရွေးပါ ။ အဆင်းကြားတွေနဲ့ ပေါ်လာရင် ခန္ဒာကိုယ်ကို ပတ်ပတ်လည် အစက်လိုက်ချလိုက်ပါ ။


ကျွန်တော် အတော်ပံစွန်း နှစ်ဘက်မှာ အစက်တစက်ဆီချထားတာကိုတွေ့မှာပါ။ အဲ့အစက်လေးတွေကို ဖိပြီ အောက်ကို နဲနဲ့ ချင်းဟိုဘက်ဒီဘက် ညီအောင် ဆွဲချပါ။ ပြီးရင် Enter ခေါက်ပါ။
အဆင့် ၈ .
ဒီအဆင့်မှာလည်း ပထမဆုံး Layer 1 ဆိုတာရဲ့ ရှေ့လေးမှာ မျက်စိပုံလေးကို ဖျောက်ထားပြီး အဆင့် ၆ နဲ့ ၇ ကအတိုင်း တခါထပ်လုပ်ပါ။ ဒါဆို တောင်ပံ ၃ ခါ ခတ်စာလောက်ရပါပီ.။ Layer 3 ခုပေါ်နေတာကိုလည်းတွေ့ပါလိမ့်မယ်။
အဆင့် ၉။
Window >> animation ကို ယူပါမယ်။ ပြီးရင် အပေါ်ပုံမှာ ပြထားတဲ့ Layer 3 ခုလုံးကို Shift နိပ်ပြီး ရွေးလိုက်ပါ။ animation ကိုရွေးလိုက်လို့ အောက်မှာပေါ်လာတဲ့ Animation ဘောင်ကွက်ရဲ့ ညာ အစွန်းကနေပြီးတော့ Mark frame from Layer ကိုရွေးပါ။


အဆင့် ၁၀ 
ဒီလိုရွေးပြီးပြီဆိုရင်တော့ အောက်က Animation အကွက်ထဲ့မှာ စောနက Layer သုံးခုလုံးပေါ်လာပါလိမ့်မယ် ။တခုချင်းဆီကို ထောက်ပြီး မိမိ ပေးချင်တဲ့ စက္ကန့် ပေးလိုက်ပါ တူညီအောင်ပေးရင် ပိုကောင်းပါတယ် ။ ပြီးရင် Play ကို နိပ်ကြည့်ပါ ဌက်ပျံနေတာကိုတွေ့ရပါပီ။ သူကို ကျွန်တော်တို့ ရိုးရိုး Save လို့ မရပါဘူး File>> save for web နဲ့ Save ပါ။ ဒါဆို အောက်က ပုံလေးလို ငှက်ကလေး ပျံနေပါပြီ။


4 Vot

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers