Blogger Widgets

Tuesday, December 18, 2012

Virus မဟုတ်သော Virus များ



Virus လို့ပြောလို့ မရတဲ့ virus နှစ်ခု ကို စုပြီးတင်ပေးလိုက်တာပါ ။ တစ်ခု ကတော့ ကျနော့် အကိုတွေ ရေးပြီးကြပါပြီ။ နောက်တစ်ခုကလည်း child play ပါ။ ကျနော် virus အကြောင်းတွေ စုပြီးတင်နေတာ မို့လို့ ပြည့်စုံအောင် ထပ်ရေးလိုက်ပါတယ် ။
၁။ Fake virus ….. notepad မှာ အောက်ပါအတိုင်း ရေးထည့်ပေးပါ ။
X5O!P%@AP[4\PZX54(P^)7CC)7}$EICAR-STANDARD-ANTIVIRUS-TEST-FILE!$H+H*
ပြီးရင်တော့ ကြိုက်တဲ့ ဖိုင်နာမည်ပေး ကြိုက်တဲ့ file type နဲ့ save ပါ။ (ဥပမာ . .mp3, .vbs, .exe, .com, .zip ) အကောင်းဆုံးက မူရင်း .txt text ဖိုင်ဟာ fake virus အတွက်အကောင်းဆုံးဖြစ်ပါတယ် ။ မိမိသုံးနေတဲ့ antivirus software ကောင်းကောင်း အလုပ်လုပ်လား မလုပ်လား ဆိုတာကို စမ်းသပ်နိုပ်ပါတယ် ။ တကယ်အလုပ် လုပ်တဲ့ anti-virus ဆိုရင် save လိုက်ပြီးတာနဲ့ ပျတ်သွားပါလိမ့်မယ်။Fake virus ဆိုတဲ့ အတိုင်း fake ပဲဖြစ်ပါတယ်။ တကယ် ထိခိုက်မှုမရှိပါဘူး ။

၁။ start cmd virus ….. new notepad (or) run – notepad ဖြင့် notepad တစ်ခုယူပြီး start လို့ရေးပြီး copy, paste အကြိမ်ကြိမ် လုပ်ပါတယ်။ (start ထည့်ထားတဲ့ အရေအတွက်ဟာ cmd ပေါ်မယ့် အရေအတွက်ပါပဲ)။ ဖိုင်နာမည်ပေးပြီး .bat နဲ့ save လိုက်ပါ။ (file name.bat)ပြီးရင်တော့ D-click နဲ့ဖွင့်ကြည့်ပေါ့။ cmd box တွေပေါ်လာပါလိမ့်မယ်။ အားလုံး cmd ဖြစ်တဲ့အတွက် task bar မှာ တစ်နေရာထဲ စုပြီးပေါ်နေပါလိမ့်မယ် ။ (task bar properties မှာ Gruop similar taskbar buttons ကို check ပေးထားမယ်ဆိုရင်ပေါ့) ။ R-Click လုပ်ပြီး Close Group ပေးလိုက်တာနဲ့ အားလုံးပြန်ပျောက်သွားပါလိမ့်မယ် ။
အဆင်ပြေကြပါစေ ။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers