Blogger Widgets

Tuesday, December 25, 2012

Network Card များအကြောင်း



  
Network Card ဆိုတာကတော့ ကျွန်တော်တို့ Computer တစ်လုံးနဲ့ တစ်လုံး Network ချိတ်ဆက်ရာမှာ အသုံးပြု ရ မယ့်Device ဖြစ်ပါတယ်။ Network Card ရဲ့လုပ်ဆောင်ချက်က ဘာကို လုပ်ဆောင်တာလဲဆိုရင် Computer
  တွေ တစ်လုံးနှင့်တစ်လုံး Data တွေ ပို့ရာမှာ Signal တွေကို Network ပေါ်မှာ ပို့ဆောင်ပေးခြင်း၊ လက်ခံပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်။


Network Card တွေမှာ အမျိုးအစားအများကြီး ရှိပါတယ်။ Network Card တွေမှာ အမျိုးအစားအများကြီးရှိသလို
Computer တွေဟာလဲ တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်-
-RJ-45 Connector
-BNC Connector စတဲ့ Connector တို့ပဲ ဖြစ်ပါတယ်။
Network Card တွေမှာ ရှိတဲ့ Connector တွေဟာ တစ်ခုနှင့်တစ်ခု မတူညီသလို အလုပ်လုပ်တဲ့ပုံစံလဲ မတူညီပါဘူး။
Network Card တွေဟာ တစ်ခုနှင့်တစ်ခု မတူညီတဲ့ အကြောင်းရင်းကတော့-
-Network Topology
-Bandwidth
-Network Card Type စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်တယ်။


အခုဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ရေပန်းအစားဆုံး အသုံးအများဆုံးကတော့ RJ-45 Connector ပါတဲ့ NetworkCard ပဲ ဖြစ်ပါတယ်။ကျွန်တော် အခုရွေးချယ်စရာ Network Card များ ဆိုတဲ့အတိုင်း မိမိကြိုက်နှစ်သက် တဲ့ Network Card ကိုရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဖော်ပြပေးမယ့် Network Card တွေကတော့ RJ-45Connector ပါတဲ့ Network Card အကြောင်းကိုပဲ ပြောပြပေး သွားမှာ ဖြစ်ပါ တယ်။ Network Card ကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အများကြီးပဲ ရှိတယ်။

အဲ့ဒီထဲကမှ Popular အဖြစ်ဆုံး Network Card တွေကတော့ Prolink နှင့်D-Link တို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ   Network Card တွေက ဈေးနှုန်းလည်း ချိုသာတယ်။ လူကြိုက်လဲများတယ်။ နောက်ပြီး အဲ့ဒီ Network Card တွေကို အသုံးပြုရတာ အဆင်လည်းပြေတယ်။ ဒါပေမယ့် မိမိက Network Card တစ်ခုကို ၀ယ်တော့မယ်ဆိုရင် Network CardSpeed နှင့် PCI  or USB Card စတဲ့ အချက်တွေကို စဉ်းစားဖို့တော့လိုအပ်တယ်။

Network Card Speed ဆိုတာ Network ပေါ်မှာ မိမိရဲ့ Data ကို Transfer လုပ်ပေးနိုင်တဲ့ Speed ကိုပြောတာ
ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် 10 Mbps, 100 Mbps, 1Gbps လား ဆိုတာကို စဉ်းစားရမယ်။ 1Gbps ဆိုရင်တော့အကောင်းဆုံးပဲပေါ့ဗျာ။
PCI  or USB Card ဆိုတာက Network Card မှာ PCI Slot မှာ စိုက်ပြီးအသုံးပြုရတဲ့ Network Card ရှိသလို USB
နှင့်လာတဲ့ Network Card လဲ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက USB နှင့်ဆိုရင်တော့ မိမိ Network Cardရဲ့ Data Transfer Rate က နှေးနေပါလိမ့်မယ်။ PCI ဆိုရင်တော့ မိမိ Network Card ရဲ့ Data Transfer Rate ကမြန်နေပါလိမ့်မယ်။

သို့သော် USB Network Card သည် အလွယ်တကူ Network ချိတ်ဆက် အသုံးပြုနိုင်ပြီး PCINetwork Card ကတော့ ကွန်ပျူတာရဲ့ System Unit ထဲက Motherboard ပေါ်မှာရှိတဲ့ PCI Slot ထဲမှာထိုးစိုက်ထားရတာဖြစ်လို့ အလွယ်တကူ Network ချိတ် အသုံးပြုမယ်ဆိုရင် မလွယ်ကူပါဘူး။

ကောင်းပြီ အဲ့ဒီတော့ မိမိကNetwork Card တစ်ခုကို ရွေးချယ် ၀ယ်ယူတော့မယ်ဆိုရင် Network Card, Connector Type နှင့် Network Cardသည် အလွယ်တကူ ဖြုတ်တပ် အသုံးပြုမှာလား စတဲ့ အချက်တွေကို စဉ်းစားပြီး ရွေးချယ်ဝယ်ယူကြပေါ့နော်။ ဒါဆိုရင် မိမိကဘယ်လို Network Card မျိုးကို ရွေးချယ်ဝယ်ယူ သင့်သလဲ ဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ရွေးချယ်စရာ Network Card များ အကြောင်းကို လည်း ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers