Blogger Widgets

Sunday, December 30, 2012

Firefox သုံးသူတွေ သတိထားရန်


ကျွန်တော်တို့တွေ firefox သုံးပြီး password တောင်းတဲ့ website တွေကို ၀င်တဲ့အခါမှာ firefox က သင့်ရဲ့ password တွေကို သိမ်းမှာလားဆိုပြီး အောက်ပါ dialog box ပေါ်လာပြီး မေးတတ်ပါတယ်။
ကိုယ်က အင်တာနက်ကို ကိုယ့်အိမ်မှာတင်သုံးတယ်ဆိုရင် ကိစ္စမရှိပါဘူး။ တကယ်လို့များ ကဖီးမှာ သုံးရင်တော့ အဲဒီ dialog box ပေါ်လာတဲ့အခါမှာ Never for This Site ဒါမှမဟုတ် Not Now ကိုနှိပ်ပေးပါ။ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင် ခင်ဗျားရဲ့ password တွေဟာလူတိုင်းကြည့်လို့ရနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်ပါတယ်။

လူတော်တော်များများက ဒီ dialog box ကို သိပ်သတိမထားတတ်မိကြပါဘူး။ ကျွန်တော် အင်တာနက်ကဖီးတွေသွားသုံးပြီး စမ်းသပ်ကြည့်တဲ့အခါ Remember ခလုတ်ကို နှိပ်ထားတဲ့ သူတွေကို တော်တော်များများတွေ့ခဲ့ရပါတယ်။ ကဲ..ခင်ဗျားက Remember ကိုနှိပ်မိပြီ ဆိုပါတော့။ ဘာလုပ်မလဲ။
Firefox မှာ Tools>Option ကိုသွားပါ။ Security tab ကိုနှိပ်ပါ။ အဲဒီမှာ show passwords ကို နှိပ်ပါ။ ကဲဗျာ.အောက်မှာ Remember ကိုနှိပ်တဲ့သူတွေရဲ့ password တွေနဲ့ အဲဒီ password ကို အသုံးပြုပြီး ၀င်ထားတဲ့ website address တွေပေါ်နေပါပြီ။
ကဲ..အခုပဲ ခင်ဗျားသုံးနေကျ အင်တာနက်ကဖီးဆိုင်သွားပြီး firefox ရဲ့ Remember Password ထဲမှာ ခင်ဗျားနာမည်နဲ့ password ပါနေသလားလို့ သွားကြည့်လိုက်ပါဦး။ ပါနေရင်တော့ Remove All ခလုတ်လေးကိုသာ နှိပ်လိုက်ပါတော့။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers