Blogger Widgets

Tuesday, December 25, 2012

Configuring Network Address Translation



                                                            


ယနေ့ ခေတ် intranet များသည် private IP addressing ကို အသုံးပြုကြတယ်။private IP addresses သည် public Internet မှာ routable မဖြစ်ပါ။ ဒါကြောင့်private IP addressing အသုံးပြုထားတဲ့ hosts တွေ Internet မှာ communicateလုပ်နိုင်ဖို့  Network Address Translation (NAT) server လိုအပ်ပါတယ်။

NAT သည် private IP addresses တွေကို public IP addresses တွေအဖြစ်translate လုပ်ပြီး traffic တွေကို Internet သို့  forward လုပ်ပေးတယ်။ဒီ သင်ခန်းစာမှာ Windows Server 2008 computer ကို NAT server အဖြစ် ဘယ်လိုconfigure လုပ်မလဲဆို တာ ဖော်ပြပါမယ်။




Network Address Translation Concepts



computer အသီးသီးမှာ တိကျတဲ့ public IP address တစ်ခုစီ ရှိနေဖို့  Internet ကို design လုပ်ထားပါတယ်။ မကြာမှီ နှစ်များအတွင်း

Internet သည် အဆမတန် ကြီးမာကျယ်ပြန့် လာပါတယ်။ ရလဒ်အနေ လုံလောက်တဲ့ publicIP addresses တွေ မရ ရှိနိုင်တော့တာပါပဲ။



NOTE Ipv6 and NAT

larger address space နဲ့  improved private addressing design ကြောင့် Ipv6 မှာNAT မလိုအပ်ပါ။ ဒီသင်ခန်းစာသည် Ipv4 နဲ့ သာ သက်ဆိုင်ပါတယ်။



IP address မလုံလောက်တာကြောင့် Internet Service Providers (ISPs) များသည်organization အသီးသီးကို Internet connection အတွတ် public IP addressesအရေအတွတ် အနည်းငယ်စီ assign လုပ်ပေးပါတယ်။ ဥပမာ computer 1000 ရှိတဲ့organization တစ်ခု အ တွတ် ISP ထံမှ Internet connection ၀ယ်ယူတဲ့အခါ ISP သည်၎င်း organization အတွတ် public IP addresses 4 ခု သာသတ် မှတ်ပေးတာမျိုးဖြစ်တယ်။ ဒါကြောင့် organization ရဲ့ computer အလုံး 1000 သည် public IPaddress ကို ခွဲဝေအသုံးပြုရတော့မယ် ဆိုတာ သိသာထင်ရှားပါတယ်။



NAT သည် internal network အတွင်းမှ တစ်ရာ ၊ တစ်ထောင်မက ရှိနေတဲ့ hosts တွေအတွတ်public IP address တစ်ခုရှိတဲ့ computer တစ်လုံး ( သို့ မဟုတ် router တစ်ခု) ကို အသုံးပြုပြီး Internet access ထောက်ပံ့ပေးတာ ဖြစ်တယ်။ internalnetwork အတွင်းမှ hosts တွေမှာ RFC 1918 အရ သတ်မှတ်ထားတဲ့ အောက်ပါ addressranges များအတွင်းက private IP addresses တွေ ရှိနေရပါမယ်။

- 192.168.0.0 – 192.168.255.255

- 172.16.0.0 – 172.31.255.255

- 10.0.0.0 – 10.255.255.255



Windows Server 2008 ကို NAT server အဖြစ် အသုံးပြုနိုင်သော်လည်း organizations တွေသည် NAT အတွတ် သီးသန်

့ပြုလုပ်ထားတဲ့ hardware device ကိုသာ ရွေးချယ် အသုံးပြုကြပါတယ်။ routersအများစုမှာ NAT capabilities သည် built-in အဖြစ် ပါရှိတာကြောင့် NATconfigure လုပ်ဖို့ နောက်ထပ် hardware သီးသန့်  မလိုအပ်တော့ပါဘူး။ အကယ်၍NAT server သာ offline ဖြစ်နေ မယ်ဆိုရင် clients အားလုံး public Internetကို access မလုပ်နိုင်တော့ပါ။ ဒါကြောင့် NAT server အမြဲ uptime ဖြစ်နေဖို့ 

အလွန် အရေး ကြီးပါတယ်။ သီးသန့် ထုတ်လုပ်ထားတဲ့  hardware နဲ့ နှိုင်းယှဉ်ရင် server သည် downtime ဖြစ်နိုင်ဖို့  အလားအလာ ပိုများပါတယ်။

အဘယ်ကြောင့်ဆိုသော် server မှာ updates တွေ install လုပ်ပြီးရင် restartလုပ်ဖို့  လိုအပ်တာ၊ hardware အစိတ်အပိုင်းတစ်ခု failure ဖြစ်နိုင်တာ၊software failures ဖြစ်နိုင်တာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။



Windows Server 2008 မှာ NAT services 2 ခု ပါဝင်ပါတယ်။

- Internet Connection Sharing (ICS)

home နဲ့  small offices တွေအတွတ် အဓိက ရည်ရွယ်ပါတယ်။ mouse click အနည်းငယ်နဲ့  ICS configuration ကို ဆောင်ရွက်နိုင်ပါတယ်။

ဒါပေမယ့် configuration options များမှာ အကန့် အသတ်တွေ အရမ်း များပါတယ်။

- Routing And Remote Access Services

multiple subnets များစွာ ပါဝင်တဲ့ routed intranet ရှိနေတဲ့ organizations များအတွတ် ရည်ရွယ်ပါတယ်။



Configuring Internet Connection Sharing



ICS computer ရဲ့ external network interface မှာ public IP address တစ်ခု ရှိနေပါတယ်။ internal network

interface မှာ IP address 192.168.0.1 အမြဲ ရှိနေပါတယ်။ ICS ကို autoenable လုပ်ထားရင် DHCP service လည်း auto enable ဖြစ်နေမယ်။ ICS ရဲ့ DHCPservice သည် clients တွေကို 192.168.0.0/24 addresses range အတွင်းမှာassign လုပ်လိမ့်မယ်။ ICS ရဲ့ DHCP service သည် Routing and Remote Accessရဲ့ DHCP Server role or DHCP relay agent feature နဲ့  မတူညီပါ။



NAT ရဲ့ ICS ကို configure လုပ်ဖို့ 

1. NAT server မှာ interfaces 2 ခု တပ်ဆင်ပြီး configure လုပ်ပါ။

- public IP address နဲ့  Internet ကို ချိတ်ဆက်ဖို့  interface တစ်ခု

- static private IP address နဲ့  private intranet ကို ချိတ်ဆက်ဖို့  interface တစ်ခု

2. ယခင်က Routing And Remote Access ကို enable လုပ်ထားရင် disable လုပ်ပါ။

3. Start, right-click Network, chose Properties

Network And Sharing Center ပေါ်လာမယ်။

4. Tasks အောက်မှ Manage Network Connections ကို click ပါ။

5. Internet ကို ချိတ်ဆက်ထားတဲ့ network interface ကို right-click ၊

Properties ကို click ပါ။

6. Sharing tab မှ Allow Other Network Users To Connect Through This Computer`s Internet Connection check box မှာ

check ပါ။

7. သင့်ရဲ့ intranet မှာ ရှိနေတဲ့ private IP addresses များသာရှိတဲ့ Web နဲ့ e-mail server ကို Internet မှ အခြား user တွေ access

လုပ်နိုင်စေချင်ရင် Settings botton ကို click ပါ။ internal service

အသီးသီးအတွတ် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

- Services list မှာ service ရှိနေရင် ၄င်းရဲ့ check box ကို select လုပ်ပါ။ Service Settings dialog

box မှာ server ရဲ့ internal name or IP address ကို ရိုက်ထည့်ပြီး OK ကို

click ပါ။

- list ထဲမှာ service မရှိရင် ဒါမှမဟုတ် ၄င်း service သည် non-standard port number ကို အသုံးပြုတယ်ဆိုရင် ၊ Add ကို click ပါ။

description နဲ့  server ရဲ့ internal name or IP address ကို ရိုက်ထည့်ပါ။

External Port Number For This Service နဲ့  Internal Port Number For

This Service box များမှာ server အသုံးပြုတဲ့ port number တွေ ရိုက်ထည့်ပါ။

TCP or UDP ကို select လုပ်ပါ။ OK ကို click ပါ။

8. OK ကို click ပါ။



ICS ကို enabling လုပ်ခြင်းသည် Internet network interface ရဲ့ configurationကို မပြောင်းလဲစေပါ။ ၄င်းသည် internal network interface ကို IP address192.168.0.1 နဲ့  assign လုပ်ခြင်းသာ ဖြစ်ပါတယ်။ ဒါ့အပြင် ICS computer သည်intrenet interface မှ DHCP requests များကိုသာ response လုပ်ပါလိမ့်မယ်။

clients များကို IP address range 192.168.0.0/24 အတွင်း assignလုပ်ပါလိမ့်မယ်။ clients အားလုံးမှာ default gateway နဲ့  preferred DNSserver address အဖြစ် 192.168.0.1 ရှိနေပါလိမ့်မယ်။



VPN or dial-up connection ကိုလည်း share လုပ်နိုင်ပါတယ်။ ဒီနည်းနဲ့ computer တစ်လုံးသည်remote network ကို connect လုပ်နိုင်သလို၊ intranet မှာရှိနေတဲ့ အခြားcomputers များမှ traffic များကို forward လုပ်ပေးနိုင်ပါတယ်။



remote access connection တစ်ခုအတွတ် ICS ကို အောက်ပါအတိုင်း enableလုပ်နိုင်တယ်။

1. Start, right-click Network, Properties

2. Network And Sharing Center မှာ Manage Network Connections ကို click ပါ။

3. Network Connections window မှာ remote access connection ကို right-click

ပြီး Properties ကို ရွေးပါ။

4. Sharing tab မှ Allow Other Network Users To Connect Through This Computer`s Internet Connection check box

ကို select လုပ်ပါ။

5. အခြား ရွေးချယ်စရာ တစ်ခုအဖြစ် Establish A dial-Up Connection Whenever A Computer On My Network Attemps To Access

The Internet check box ကို select လုပ်နိုင်ပါတယ်။ ၄င်းသည် remote network

တစ်ခုသို့ forward လုပ်ရမယ့် traffic တစ်ခုခု ကို intranet မှာ ရှိနေတဲ့

computer တစ်လုံးက send လုပ်တဲ့အခါ remote access connection ကို auto

establish လုပ်ပါလိမ့်မယ်။

6. နောက်ထပ် ရွေးချယ်စရာ တစ်ခုအဖြစ် internal services တွေကို remote network မှတဆင့် access လုပ်နိုင်ဖို့  Settings

button ကို click ပြီး configure လုပ်နိုင်ပါတယ်။

7. OK ကို click ပါ။



Configuring Network Address Translation Using Routing And Remote Access



Routing And Remote Access ကို အသုံးပြုပြီး full-featured NAT capabilities ကိုenable လုပ်နိုင်တယ်။ ICS အစား Routing And Remote Access ကို အောက်ပါအချက်များကြောင့် အသုံးပြုတယ်။

- internal network အတွတ် 192.168.0.0/24 အစား အခြား addresses တွေကို အသုံးပြုနိုင်တယ်။

- internal networks များအတွင်း route လုပ်နိုင်တယ်။

- Windows Server 2008 ရဲ့ built-in DHCP Server role အပါအ၀င် အခြား DHCP server များကို အသုံးပြုနိုင်တယ်။

- DHCP relay agent အပါအ၀င် Routing And Remote Access component တစ်ခုခု

အသုံးပြုထားတဲ့ computer မှာ ICS ကို enable မလုပ်နိုင်ဘူး။ ( RRAS နဲ့ 

ICS အတူတွဲသုံးလို့ မရ )



Enabling NAT



Windows Server 2008 မှာ Routing And Remote Access ကို အသုံးပြုပြီး NAT ကို အောက်ပါအတိုင်းconfigure လုပ်နိုင်တယ်။

1. NAT server ကို Interface 2 ခု တပ်ဆင်ပါ။

- public IP address နဲ့  Internet ကို ချိတ်ဆက်ဖို့  interface တစ်ခု။

- static, private IP address နဲ့  private intranet ကို ချိတ်ဆက်ဖို့ 

interface တစ်ခု။

2. Server Manager မှ Role object ကို ရွေးပါ။ Add Roles ကို click ပါ။ Network Policy And Access Service role ကို add ပါ။

3. Server Manager မှ Roles\Network Policy And Access Services\Routing And

Remote Access ကို right-click ပြီး Configure And Enable Routing And

Remote Access ကို ရွေးချယ်ပါ။

4. Welcome To The Routing And Remote Access Setup Wizard page မှာ Next ကို click ပါ။

5. Configuration page မှာ Network Address Translation (NAT) ကို select လုပ်ပြီး Next ကို

click ပါ။

6. NAT Internet Connection page မှာ server ကို Internet မှာ ချိတ်ဆက်မယ့် interface ကို select ပြီး Next ကို click ပါ။

7. Completing The Routing And Remote Access Server Setup Wizard page မှာ

Finish ကို click ပါ။

server သည် internal network မှ packets တွေကို Internet သို့  forward လုပ်ဖို့ အသင့်ဖြစ်ပါပြီ။



Enabling DHCP



NAT ကို enable လုပ်တဲ့အခါ မည်သည့် DHCP server ကိုမဆို အသုံးပြုနိုင်တယ်။

Windows Server 2008 computer ကို DHCP server အဖြစ် အသုံးပြုချင်တယ်ဆိုရင်

Chapter မှာ ဖော်ပြထားတဲ့အတိုင်း DHCP Server role ကို add လုပ်ခြင်းဖြင့်

full-featured DHCP server ကို ရရှိမှာ ဖြစ်ပါတယ်။

NAT မှာ (အသုံးပြုလို့  ရတဲ့ ၊ ဒါပေမယ့် အကန့် အသတ် အရမ်းများတဲ့) single subnet မှ

DHCP clients တွေကို IP address တွေ provide လုပ်ပေးနိုင်တဲ့ DHCP server

ပါဝင်ပါတယ်။ NAT DHCP ကို configure လုပ်ဖို့  အောက်ပါအတိုင်း လုပ်ဆောင်ပါ။

1. Server Manager မှ Roles\Network Policy And Access Services\Routing And

Remote Access\Ipv4\NAT မှာ right-click ပြီး Properties ကို ရွေးချယ်ပါ။

2. Address Assignment tab မှ Automatically Assign IP Address By Using The

DHCP Allocator check box မှာ select လုပ်ပါ။

3. Private network address နဲ့  subnet mask ကို type လုပ်ပါ။

4. ရှိနေတဲ့ servers များမှာ (NAT server ရဲ့ private IP address) statically assign လုပ်ထားတဲ့

specific addresses တွေကို ချန်လှပ်ထားဖို့  လိုအပ်တယ်ဆိုရင် Exclude

button ကို click ပြီး Exclude Reserved Addresses dialog box မှာ DHCP

clients တွေမှာ assign မလုပ်ရမယ့် addresses တွေကို list လုပ်ပါ။ OK ကို

click ပါ။

5. ဖွင့်ထားတဲ့ dialog boxes တွေကို ပိတ်ဖို့  OK ကို 2 ကြိမ် click ပါ။

DHCP server နဲ့ သက်ဆိုင်တဲ့ statistics တွေကို ကြည့်နိုင်ဖို့ အတွတ် Roles\Network Policy And Access Services\Routing

And Remote Access\Ipv4\NAT node မှာ right-click ပြီး Show DHCP Allocator

Information ကို choose လုပ်ပါ။



Enabling Forwarding of DNS Requests



Internet ကို ချိတ်ဆက်ဖို့  NAT clients များသည် DNS requests များကို resolve လုပ်နိုင်ဖို့  လိုအပ်ပါတယ်။ ၄င်းအတွတ် DNS

Server role ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်။DNS server မလိုအပ်တဲ့ small networks များအတွတ် NAT server ပေါ်မှာ configure

လုပ်ထားတဲ့ DNS server သို့  DNS requests တွေ forward လုပ်ဖို့  NAT ကိုconfigure လုပ်နိုင်ပါတယ်။ အစဉ်အလာအရ ပြောရရင် ၄င်း DNS server သည် သင့်ရဲ့ISP ထံမှာရှိနေပါတယ်။



DNS requests တွေ forward လုပ်ဖို့  အောက်ပါအတိုင်း configure လုပ်နိုင်ပါတယ်။



1. Server Manager မှ Roles\Network Policy And Access Services\Routing And Remote

Access\Ipv4|NAT မှာ right-click ပြီး Properties ကို ရွေးပါ။

2. Name Resolution tab မှာ Clients Using Domain Name System (DNS) check box ကို

select လုပ်ပါ။

3. Network access အတွတ် NAT server သည် VPN or dial-up connection ကို connect လုပ်ရတယ်ဆိုရင် Connect To The Public Network When

A Name Needs To Be Resolved check box ကို select ပြီး သက်ဆိုင်တဲ့

demand-dial interface ကို ရွေးချယ်ပေးပါ။

4. Ok ကို click ပါ။

DNS server အတွတ် statistics တွေကို ကြည့်ရှုနိုင်ဖို့  Roles\Network Policy

And Access Services\Routing And Remote Access\Ipv4\NAT node မှာ

right-click ပြီး Show DNS Proxy Information ကို ရွေးချယ်ပါ။



Configuring Client Computers


client computers တွေကို configure လုပ်ဖို့ 

- NAT server ရဲ့ intranet interface နဲ့  LAN တစ်ခုထဲမှာ ရှိနေတဲ့

computers တွေအတွတ် NAT server ရဲ့ intranet IP address ကို default

gateway အဖြစ် သတ်မှတ်ပေးပါ။

- အခြား intranet LANs များအတွတ်၊ Internet သို့ ဦးတည်တဲ့ traffic တွေကို forward လုပ်ဖို့  routers တွေမှာ NAT

server ရဲ့ intranet IP address ကို configure လုပ်ပေးပါ။

- clients အားလုံး Internet DNS names တွေကို resolve လုပ်နိုင်ကြောင်း သေချာပါစေ။

NAT server ကို DNS server အဖြစ်လည်း မကြာခဏဆိုသလို configure

လုပ်ထားလေ့ရှိပါတယ်။ ဒါပေမယ့် အမြဲတော့လည်း မဟုတ်ပါဝူး။ DNS servers

configuring အတွတ် chapter 2 ကို ကြည့်ပါ။



Troubleshooting Network Address Translation



default မှာ Routing And Remote Access Services NAT component သည် NAT errors တွေကို System event log မှာ logလုပ်ပါတယ်။ Server Manager မှ Diagnostics\Event Viewer\WindowsLogs\System မှာ ၄င်း logs တွေ ကို ကြည့်ရှုနို်င်ပါတယ်။ events အားလုံးမှာSharedAccess_NAT source တစ်ခု ရှိနေပါတယ်။



Warnings တွေကို log လုပ်ဖို့  ၊ verbose logging လုပ်ဖို့  ဒါမှမဟုတ် logging တစ်ခုလုံးကိုdisable လုပ်ဖို့  NAT ကို configure လုပ်နိုင်တယ်။ NAT logging ကိုconfigure လုပ်ဖို့  Server Manager မှ Roles\Network Policy And AccessServices\Routing And Remote Access\Ipv4|NAT node မှာ right-click ပြီးProperties ရဲ့ General tab မှာ စိတ်ကြိုက် logging level သတ်မှတ်ပြီး OKကို click ပါ.။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers