Blogger Widgets

Thursday, December 20, 2012

ဒီတိုင်းဆက်မယ်... (နည်းပညာ)


ကျွန်တော်ကော်ပီး လုပ်ထားတာပါ...ဘယ်ကလုပ်လာတာလဲ မမှတ်မိတာလေးတော့ ခွင့်လွှတ်ပေးပါ
 
ကျွန်တော်ရောက်ခဲ့တဲ့ ဆိုဒ်တွေမှာ ဒီပို့စ်လေးကိုမတွေ့မိတာနဲ့ ငါအရင်ဆုံးကော်ပီလုပ်ထားတာကွဆိုပြီး ဂုဏ်ယူစွာနဲ့
 
၏ .သည် မရွေး ကူးချလိုက်ပါတယ်။

 

ခု တင်မယ် ပို့စ်လေးက ဘာရယ် မဟုတ်ပါဘူး လွယ်လွယ်ကူကူ နဲ့ mp3 file နဲ့ video file တွေကို ဘာ software
 
အကူအညီမှမလိုပဲ ချိတ်ဆက်ပုံလေး ပေါင်းစပ်ပုံလေးပေါ့ဗျာ သီချင်းနှစ်ပုဒ်ကို တစ်ပုဒ်ထဲဖြစ်အောင်ဆက်မယ်။

တချို့ ဗီဒီယိုဖိုင်တွေကို နစ်ပိုင်းပိုင်းထားတာ တွေ့ရမယ် အဲဒါကို တစ်ပိုင်းတည်းအနေနဲ့ တစ်ဆက်တည်းကြည့်လို့ရ
 
အောင်ဆက်မှာပါ အဲလိုအဲလိုပြောတာ command line interface နဲ့ အကျွမ်းတဝင်မရှိတဲ့ သူငယ်ချင်းများပါ အဆင်
 
ပြေအောင် ပုံလေးတွေနဲ့တကွ နမူနာလုပ်နည်းလေး တင်ပေးလိုက်ပါတယ် ပထမဆုံးအနေနဲ့ desktop ပေါ်မှာရှိတဲ့
 
Audio <1>  နဲ့ Audio <2> ဆိုတဲ့ mp3 နစ်ဖိုင်ကိုဆက်ကြည့်မယ်ဗျာ အောက်ကလိုပေါ့။

 
window key + R ရယ် တွဲနိပ်လိုက်မှာ ဒီလိုလေးကျလာလိမ့်မယ်.....။


 

အဲထဲမှာ cmd လို့ပုံမှာ ပြထားတဲ့ အတိုင်းလိုက်ရိုက်လိုက် ပေါ့ အဲမှာ အောက်လို အမဲရောင်ဘောက်စ်တစ်ခုထပ်ကျလိမ့်မယ်ဗျာ

 
အဲအမဲရောင် ဘောက်စ်ထဲမှာ ပဲ cd desktop လို့ ထပ်ရိုက်ဗျာ ဘာလို့လည်းဆိုတော့ ဆက်ချင်တဲ့အသံဖိုင်တွေက
 
desktop ပေါ်မှာရှိတာကိုးဗျာ့နော့

 
ရိုက်ပြီးရင် desktop ထဲရောက်သွားမယ်ဗျာ အောက်ကလိုလေးပေါ့....။


 
အဲမှာထပ်ပြီးတော့ copy /b audio<1>.mp3 + audio<2>.mp3 newaudio.mp3 လို့ရိုက်ပြီး enter ခေါက်ဗျာ

 
အောက်ကလိုလေး 1 file<s> copied ဆိုပြီး ကျလာလိမ့်မယ်

 
 
copy /b ဆိုတာက command ပါ audio<1>.mp3 + audio<2>.mp3 ဆိုတာက ဆက်မယ် အသံဖိုင်နစ်ဖိုင်ပါ နောက်က
 
newaudio.mp3 ဆိုတာက ဆက်ပြီးရင် ဘာနဲ့သိမ်းမလည်းဆိုတဲ့ သိမ်းမယ့် နာမည်ပါ နောက်မှာ .mp3 ဆိုတဲ့ extension
 
ပါပါတယ်သတိမူပါ...။
အဲလိုလေးပြီးသွားရင် desktop ပေါ်မှာ ခုနက  အသစ်ပေးထားတဲ့ newaudio.mp3 ဖိုင်လေးအသစ်ရောက်နေပါလိမ့်မယ်
 
အဲမှာ တင် ပေါင်းစပ်ချင်းလုပ်ငန်းပြီးပါပြီ အလာတူးပဲ..။
video file နစ်ဖိုင်ကိုလည်း ဒီသဘောတရားတိုင်း ဆက်နိုင်ပါတယ် စိတ်ဝင်စားမယ်ဆိုရင် ဆက်ကြည့်ကြပါ..။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers