Blogger Widgets

Wednesday, December 5, 2012

စကားပြောတတ်တဲ့ ဓါတ်ပုံတစ်ပုံ



 စကားပြောတတ်တဲ့ ဓါတ်ပုံဆိုလို့ တစ်မျိုးမထင်ပါနဲ့ဗျာ...၊ အောက်မှာ ပါတဲ့ပုံလေးကို မြင်တော့ ကျွန်တော့် ရင်ထဲကို ပြောမပြတတ်တဲ့ ခံစားမှုတွေကို ခံစားရပြီး ပုံထဲက ခွေးလေးက သူ့ရင်ထဲမှာ ဘာတွေ ခံစားနေရသလဲဆိုတာကို ပြောပြနေသလို ခံစားရတဲ့ ဓါတ်ပုံလေးမို့ စကားပြောတဲ့ ဓါတ်ပုံလေးလို့ တင်စား လိုက်တာပါ...။




မိခင်ဖြစ်သူ ခွေးမကြီးဟာ ဒီခွေးလေးရဲ့ ရှေ့ကနေ ပျောက်သွားတာ သိပ်မကြာသေးပါဘူး..၊ ဒါပေမယ့် သူ ပြန်တွေ့တော့ သူ့ရဲ့အမေက ဒီလိုပုံစံဖြစ်နေပါပြီ...။ စကားမပြောတတ်ပေမယ့် သူ့အမေခွေးသေမကြီးရဲ့ ဘေးနားမှာ ခွေခွေလေးအိပ်နေတဲ့ သူ့ရဲ့ မျက်လုံးထဲကနေ အားငယ်ခြင်းတွေ သူ့အမေ ပြန်ထလာ လေမလားဆိုတဲ့ မျှော်လင့်ခြင်းတွေကို တွေ့နေရပါတယ်...။ အဝေးတစ်နေရာကို ရောက်နေပြီဖြစ်တဲ့ သူ့အမေခွေးမကြီးကတော့ ဒီအဖြစ်အပျက်ကို မြင်နိုင်တော့မှာ မဟုတ်ဘူးလေ....။ သတ္တ၀ါများကို သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေဗျာ....။

သူငယ်ချင်းတို့လည်း ဒီပုံလေးကြည့်ပြီး ဘယ်လိုခံစားရသလဲဆိုတာ အောက်မှာ comments ရေးပေးခဲ့ကြပါနော်..။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers