Blogger Widgets

Friday, December 21, 2012

" ပျောက်နေတဲ့ ပုံလှလှတွေ ဖော်ထုတ်ပြန်ရချင်လျှင် "

     ဒါလဲကျွန်တော်စုဆောင်းလေ့လာထားတဲ့ အရာတွေထဲကတစ်ခုပါ ။ မှတ်မှတ်ရရ ဒီပရိုဂရမ်လေးကို Computer
Magazine တစ်ခုကနေရှာတွေ့ လို့ လက်တွေ့ စမ်းသပ်ပြီး စုဆောင်းထားတာပါ ။ အခုတော့ကျွန်တော့် ပရိသတ်

တွေအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ ။
      Windows 7 ကိုပထမဦးဆုံး Install လုပ်စဉ်က များသောအားဖြင့် Time နဲ့  Currency တွေလောက်သာ
သတိထားမိကြတာများတယ် ။ Theme တွေနဲ့ ပတ်သက်တဲ့ Location တွေကိုသတိထားမိသူ နည်းပါတယ် ။
တကယ်လို့  Time နဲ့  Currency ကို English (United Kingdom) လို့ ရွေးလိုက်ရင် ၊ Desktop ရဲ့ Background ဟာလည်း UK နဲ့ ပတ်သက်တဲ့ Background (wallpaper) တွေပဲ ဖြစ်သွားဖို့ များပါတယ် ။ နောက်ခံပုံတွေမှာ အင်္ဂလိပ်စကားပြောနိုင်ငံတွေရဲ့ ပုံလှလှတွေအများကြီးရှိနေပါသေးတယ် ။ ဥပမာ - Australia ; Canada ; Great Britain ; South Africa ; နိုင်ငံတွေရဲ့ ပုံလှလှတွေကျန်နေပါသေးတယ် ။
ဒီပုံလှလှတွေကို ပြန်လိုချင်ရင် လုပ်နိုင်တဲ့နည်းတွေ ရှိပါတယ် ။
      1 - Windows + R = Run ဖြစ်အောင်နှိပ်ပါ ။ C:\Windows\Globalization\MCT လို့ရိုက်ထည့်ပြီး
Enter ခေါက်ပါ ။ (တကယ်လို့ ထူးထူးခြားခြားကိုယ့် Windows က C: ထဲမှာ Install လုပ်ထားတာမဟုတ်ရင်
တခြား Letter ကိုပြောင်းရိုက်ပါ ။ )
      2 - Windows Explorer က Sub-folder တွေကို ညာဘက်ခြမ်းမှာပြလိမ့်မယ် ။ MCT-AU ; MCT-CA ;
MCT-GB ; MCT-US ; MCT-ZA ဆိုပြီး Folderတွေပေါ်လာမယ် အဲ့ဒီ Folderတွေထဲမှာ နိုင်ငံအလိုက်ပုံတွေပါလာမယ် ။
     3 - ခုဆိုရင် Search Box ထဲမှာ (ညာဘက်ထိပ် ထောင့်ဆုံး) အကွက်ထဲမှာ *theme လို့ရိုက်ထည့်ပါ ။
ဒါဆိုရင်ပုန်းနေတဲ့ theme တွေအားလုံးပေါ်လာလိမ့်မယ် ။
     4 - အဲ့ဒီ theme တွေအားလုံးလိုချင်ရင် Ctrl + A = Select All လုပ်ပါ ။ ပြီးရင် Ctrl + C = Copy လုပ် ၊
ပြီးရင် C:\Windows\Resources\Themes ထဲမှာသွားပြီး Paste လုပ်လိုက်ပါ ။ Personalization gallery
ထဲက installed theme ကိုဖွင့်ပါ ။ ( Personalize လုပ်ချင်ရင် Desktop ပေါ်မှာ Right Click လုပ်ပြီး
စိတ်ကြိုက်ပုံကို ရွေးချယ်ပါ ။ )

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers