Blogger Widgets

Sunday, December 9, 2012

Animation ပြုလုပ်နည်း(၂)


ကျွန်တော့်ဆီ မေးမြန်းလာကြတာက Adobe ImageReady ကို သီးခြား Install လုပ်ရသလား။ ဘယ်လို Install လုပ်ရမလဲလို့ မေးမြန်းလာကြတာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ခင်ဗျာ။ Adobe ImageReady ဆိုတာ Adobe Photoshop Software ကို Install လုပ်ရင်တစ်ပါတည်း ပါရှိပြီးဖြစ်ပါတယ်။ သီးခြား Install လုပ်စရာမလိုပါဘူး။
Animation လုပ်တဲ့ Software တွေအများကြီးရှိပါတယ်။ အခုတင်ပြပေးနေတာက Adobe Photoshop မိမိကွန်ပျူတာထဲမှာရှိရင် လုပ်လို့ရတာမို့ ချက်ချင်းလုပ်လို့ရအောင် တင်ပြပေးနေရခြင်းဖြစ်ပါတယ်။
ကျွန်တော်အသုံးပြုနေတဲ့ အခြား Animation Software လည်းရှိပါတယ်။ အခု Adobe ImageReady နဲ့ Animation လုပ်တတ်သွားရင် 2D နဲ့ 3D Animation လုပ်နည်းတွေကို တစ်ဆင့်ချင်း တင်ပြပေးသွားပါမယ်။
အခုတင်ပြပေးနေတာတွေကို သူငယ်ချင်းတို့မှာ Photoshop အခြေခံလေးရှိနေရင်ပိုပြီးနားလည်မယ်လို့ထင်ပါမယ်။
အခုလေ့ကျင့်ခန်းလေးကတော့ အောက်မှာ ပြထားတဲ့အတိုင်း ငှက်ကလေးပျံနေတဲ့ Animation လေးပါ။

(၁) ပထမဆုံး Photoshop ထဲကို အရင်ဝင်ပေးပါ။ Name မှာ background လို့ အမည်ပေးလိုက်ပါတယ်။ Width 650 pixels, Height 433 pixels, Resolution 72 ယူထားပါတယ်။ ပြီးလျှင် OK လုပ်လိုက်ပါ။


(၂) အောက်မှာပြထားအတဲ့အတိုင်း နောက်ခံဒီဇိုင်းလေးတစ်ခုကို ဖန်တီးလိုက်ပါတယ်။ အခြားသင်နှစ်သက်တဲ့ ဒီဇိုင်းလေးကိုလည်းဖန်တီးနိုင်ပါတယ်။

(၃) ဒီတစ်ခါတော့ Adobe ImageReady ကို Photoshop Toolbox အောက်ဆုံးက မြားပြထားတဲ့ Edit in ImageReady ကို Click လုပ်လိုက်ပါ။ အချိန်ကလေးနဲနဲစောင့် ပေးပါ။

(၄) Adobe ImageReady ထဲကိုရောက်လာပါပြီ။

(၅) Task bar ပေါ်က Adobe Photoshop ကို Click လုပ်ပြီး Photoshop ထဲ ပြန်ဝင်ပေးပါ။
File က New ခေါ်ပြီး အောက်မှာပြထားတဲ့အတိုင်း ပြင်ဆင်ပြီး OK လုပ်လိုက်ပါမယ်။

(၆) Tool box က Custom Shape Tool ကို ရွေးလိုက်ပါ။

(၇) Shape ထဲက ဖော်ပြထားတဲ့ ငှက်ပုံလေးကို ရွေးလိုက်ပါမယ်။

(၈) ငှက်ပုံလေးကို ဆွဲလိုက်ပါမယ်။

(၉) Layer menu ထဲက Flatten Image ကိုရွေးလိုက်ပါ။

(၁၀) Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C နှိပ်ပြီး Copy လုပ်ပါ။
(၁၁) Adobe ImageReady ထဲကို Task bar ကနေ သွားလိုက်ပါ။ Ctrl + V ကို နှိပ်ပြီး Paste လုပ်ပေးပါ။ အောက်ပါအတိုင်း ငှက်ပုံလေးပေါ်လာပါမယ်။

(၁၂) Tool box ထဲက Magic Wand Tool ကိုရွေးလိုက်ပါ။

(၁၃) ငှက်ဘေးက အဖြူကွက်ကို Click လုပ်ပါ။ Delete Key နှိပ်ပြီးဖျက်လိုက်ပါ။ Ctrl + D ကို နှိပ်ပြီး Deselect လုပ်ပါ။

(၁၄) Move tool ကို Click လုပ်ပြီး ငှက်ပုံကို ဘယ်ဖက်ကို နေရာရွှေ့ပေးပါ။

(၁၅) Layer Palette မှာ Layer1 ဆိုပြီးပေါ်နေပါတယ်။ အကယ်၍ Layer Palette မပေါ်ရင်တော့ Keyboard က F7 ကိုနှိပ်ပြီး ခေါ်နိုင်ပါတယ်။

(၁၆) မြားပြထားတဲ့ Duplicates current frame ကို Click လုပ်ပါ။ အောက်ပါအတိုင်းတွေ့ရပါမယ်။

(၁၇) Tool box က Move Tool ကို Click လုပ်ပေးပါ။

(၁၈) ငှက်ပုံလေးကို ညာဖက်နဲနဲရွှေ့ပေးပါ။ သတိထားရမှာက Layer1 က Active ဖြစ်နေရမှာဖြစ်ပါတယ်။

(၁၉) မြားပြထားတဲ့ Duplicates current frame ကို Click ပြန်လုပ်ပါ။ ငှက်ပုံလေးကို ညာဖက်နဲနဲထပ်ရွှေ့ပေးပါ။

(၂၀) Duplicates current frame ကို Click ပြန်လုပ်ပါ။ ငှက်ပုံလေးကို ညာဖက်နဲနဲထပ်ရွှေ့ပေးပါ။ ငှက်ကလေး ညာဖက်အဆုံးကို ရောက်သွားအောင် ၁၄ ကြိမ် လောက်ပြန်လုပ်ပေးပါ။

(၂၁) ပုံတွေများနေလို့ နောက်ဆုံး ငှက်ကလေးကို နေရာရွှေ့ပြီးတဲ့ အနေအထားလေးကို ဖော်ပြပေးလိုက်ပါတယ်။

(၂၂) Animation palette ပေါ်က Play button ကို Click လုပ်လိုက်ပါ။
အောက်ပါအတိုင်းတွေ့ရပါမယ်-

(၂၃) Animation Palette က Frame အားလုံးကို Click လုပ်ပါ။ Animation ပြလုပ်နည်းမှာ ဖော်ပြထားတဲ့အတိုင်း ညာဖက် Mouse ကို Click လုပ်ပြီး နှစ်သက်တဲ့အချိန် Delay ရွေးပေးပါ။ Play ပြန်လုပ်ကြည့်ပါ။
ကျွန်တော်ကတော့ Delay ကို 0.2 Second ရွေးလိုက်ပါတယ်။ Play ပြန်လုပ်ကြည့်ပါတယ်။

(၂၄) သင်စိတ်တိုင်းကျပြီဆိုရင်တော့ File menu က Save Optimized ကို ရွေးပြီး နှစ်သက်ရာနံမည်နဲ့ သိမ်းပြီး Web Page နဲ့ အခြားနှစ်သက်တဲ့နေရာမှာ အသုံးပြုနိုင်ပါပြီ။ လိုအပ်တာရှိရင်လဲ အကြံပေးဖို့ ဖိတ်ခေါ်ပါတယ်။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers