Blogger Widgets
Thursday, November 22, 2012
ကွန်ပျူတာကိုမြန်ဆန်သွက်လက်စေရန်နှင့်Virus မ၀င်အောင်လုပ်ဆောင်နည်းများ
လိုက်နာရန်။  ။ pen drive လို့ ခေါ်တဲ့ စတစ်တွေမထိုးပါနဲ့ အများဆုံးဝင်လာတဲ့လမ်းကြောင်း ကတော့ memory stick ပါပဲဒါပေမယ့်ကွန်ပျူတာတိုင်းလိုလိုကတော့စတစ်တွေနဲ့ မကင်းနိုင်ပါ ဘူး မဖြစ်မနေသုံးရမယ်ဆိုရင်လည်း မိမိရဲ့ စက်မှာAuto Run ကိုပိတ်ထားပြီးAnti Virus  softwere တစ်ခုခုနဲ့ scan ဖတ်ပြီးမှသာသုံးစွဲသင့်ပါတယ်။
လုပ်ဆောင်ရန်။   ။ အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete ပါ
ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့
၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။
Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့
၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ လုပ်ကြည့်ပါ နားမလည်ပါကပြန်လည်မေးမြန်းနိုင်ပါတယ်                                           အားလုံးပျော်ရွှင်နိုင်ပါစေ....... 
0 comments:
Post a Comment
Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers