Software မသုံးဘဲ Folder ကိုဝှက်ထားနည်းလေးပါ…
တခါတလေ သူများကို မပြချင်တဲ့ ဖိုင်တွေကို ၀ှက်ထားတဲ့အခါ ဒီနည်းကို ကျနော်သုံးပါတယ်။
ဂရုစစ်ပြီးတော့ ဖတ်ဗျာ။ သိတဲ့ဘော်ဒါတွေအတွက်ကတော့ ဆော်ရီနော်။ မသိသေးတဲ့ ဘော်ဘော်တွေအတွက်ပါ။ 
မိမိနှစ်သက်ရာHard Drive တစ်လုံးထဲမှာ folder တစ်ခုလုပ်လိုက်ပါ..
၎င်းfolder လေးကိုနာမည်တစ်ခုခုပေးလိုက်ပါ..
ဥပမာ..C: Drive အထဲမှာ folder name က 111 ဆိုပါတော့ ..(Floder name ကိုတော့ ကိုယ်ကြိုက်တာပေးပေါ့။)
တည်နေရာက Drive (C)မှာဆိုပါတော့ဗျာ..လုပ်ပြီးပြီဆိုရင် အောက်ပါနည်းအတိုင်း..
လုပ်ပါ..Start–>Run –> (or) Win + R ကိုသွားပါ.
.Run ဘောက်ပေါ်လာရင်
အထဲတွင်..Attrib +s +h C:\111လို့ရိုက်ထည့်ပါခင်ဗျာ..ပြီးရင် Enter..
ခေါက်လိုက်ပါ..ဒါဆိုရင်စောစောကမိတ်ဆွေလုပ်ထားတဲ့..111 folder လေးကို
သွားရှာကြည့်ပါ..မတွေ့တော့ပါဘူးခင်ဗျာ.
ပြန်ဖေါ်ချင်ရင်တော့..
Start–>Run –>ထဲမှာပဲ Attrib -s -h C:\111 ဆိုပြီးပြန်ရိုက်လိုက်ပါ
စောစာကအတိုင်းပြန်ပေါ်နေပါလိမ့်မယ်ခင်ဗျာ..ဒီနည်းအတိုင်းကိုယ့်ရဲ့ဖိုင်များကို
အလွယ်တကူဖျောက်ထားနိုင်ပါတယ်ခင်ဗျာ
အားလုံးအဆင်ပြေကြပါစေနော်...ဘိုင်ဘိုင်း
Copyright © 2011 Template Doctor . Designed by
Malith Madushanka - Cool Blogger Tutorials
| Code by
CBT | Images by by
HQ Wallpapers
0 comments:
Post a Comment