Blogger Widgets

Sunday, November 25, 2012

အကောင်းဆုံး Mobile Security များ


ဒီဟာကတော့ အကောင်းဆုံးပါဘဲ ... ကျနော်ရှေ့မှာလဲ ဒီကောင်အကြောင်းကို ရှင်းပြထားတော့ မရှင်းပြတော့ဘူး
နော်....ဟဲဟဲ ( ရိုက်ရတာ လက်နာနေပြီ ဖြစ်လို့........)



Dr.web ဆိုတာကိုတော့ သိပ်ကြားဖူးကြမယ်လို့ မထင်ဘူး...စမ်းသပ်လို့ရလာဒ်က ကောင်းလွန်းလို့ ကျနော်တောင်
တင်မလားလို့ စဉ်းစားနေတာ...စမ်းသပ်ဖော်ထုတ်တဲ့နေရာမှာ တိကျပြီး Malware ပေါင်းများစွာနဲ့စမ်းသပ်တဲ့အခါမှာ
လည်း 90%အထက်မှာရှိပါတယ်... အပြင်အဆင်ပိုင်းတော့ နည်းနည်းအားနည်းချက်ရှိတာပေါ့...ဒါတောင်မှ scan စစ်
နေတဲ့ အချိန်မှာ ဘာတွေစစ်နေလဲ ဆိုတာကိုလဲ တွေ့မြင်ရပါလိမ့်မယ်... ဖုန်းရဲ့ notification barမှာပေါ်နေတဲ့ 
Dr.web icon ဟာ အစိမ်းရောင်ဖြစ်နေရင်တော့  Dr.webဟာ ကောင်းကောင်းအလုပ်လုပ်နေပြီး virus ရန်က
ကာကွယ်နေတယ်ဆိုတာ သိထားပါ... လိမော်ရောင်ဖြစ်နေရင်ပြောင်းနေရင်တော့ virusတွေ့တာဘဲဖြစ်ဖြစ် ပိတ်ာထား
လို့ဘဲဖြစ်ဖြစ် Dr.webက အလုပ်မလုပ်တော့ဘူးဆိုတာ သိထားပါ....





f-secureကို Google playမှာ မတင်ထားဘဲ  f-secure ရဲ့wesite မှာသာ download လုပ်နိုင်မှာ ဖြစ်ပါတယ်...
f-secure ကိုတင်တဲ့အခါ ဖုန်းမှာရှိတဲ့ non-Market application ကိုတော့ ဖွင့်ထားရပါ့မယ်....Appsရဲ့အပြင်အဆင်
ကိုတော့ ဘယ်လိုပုံစံကို ဘယ်လိုအချိန်မှာ သုံးသင့်တယ်ဆိုတဲ့ အကြံပြုရှင်းလင်းချက်ပုံစံကလည်း နားလည်ရလွယ်
စေပါတယ်...




ဒီဟာကတော့ license ကို ဖြည့်စွက်ပြီးတာနဲ့ ဖုန်းကို scan ပြုလုပ်နိုင်ပါပြီ...IKARUS ဟာ အင်တာနက်နဲ့ Wifi
ကဆင့် သူ့ဘာသာ update လုပ်ပေးပါလိမ့်မယ်...update လုပ်တဲ့အချိန်မှာတော့ data roaming ကို ဖွင့်ထားရမှာ
ဖြစ်ပါတယ်...update ကို နေ့စဉ်မဟုတ်ဘဲ တစ်ပတ်တစ်ခါလောက်လုပ်နိုင်ပါတယ်...ဒါပေမယ့် scan စစ်တဲ့ နေရာ
မှာတော့ နည်းနည်းကြာတယ်...





ဒီကောင်လေးကတော့ Tablet မှာ အသုံးပြုမယ်ဆိုရင်တော့ $ 12 ပေးရမှာဖြစ်ပြီး passward ပေးထားရင်လို့ မေ့သွား
ရင် emaill ကနေ recover လုပ်နိုင်မှာ ဖြစ်ပါတယ်....Cloud လုံခြုံရေးစနစ်ဖြစ်သောကြောင့်installလုပ်တဲ့အချိန်မှာပဲ
databaseကိုပါ update တစ်ခါတည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်...Scan စစ်တိုင်းမှာ သင်ဖုန်းဟာ အင်တာနက်ရရှိ
နိုင်တဲ့ နေရာမှာရှိနေရင် update လုပ်ခိုင်းပါလိမ့်မယ်...malware တစ်စုံတစ်ရာကို တွေ့တိုင်း ရှင်းလင်းချက်ထုတ်ပေး
တွေနဲ့ အတူထုတ်ပေးမှာ ဖြစ်ပြီး ရှင်းလင်းချက်တွေနဲ့အတူ ဖော်ပြ ပေးနိုင်တာကတော့ kaspersky ရဲ့ အားသာချက်
တစ်ခုပေါ့ဗျာ...ဒီထက်ပို လုပ်ဆောင်ချက်ကို လိုချင်ရင်တော့ paid version 7.95$ နဲ့ပေးဝယ်ရမှာဖြစ်ပြီး Home-
screen အဖြစ်သတ်မှတ်ကာ အသုံးပြုနိုင်ပါတယ်...





lookout ဟာ သင်တို့ရဲ့ဖုန်းတိုင်းမှာ မဖြစ်မနေရယူကာ Install လုပ်ထားသင့်တဲ့ Apps တစ်ခုပါဘဲ... IOS versionနဲ့ 
iPadမှာတော့ စမ်းသုံးကြည့်တဲ့အခါ ကောင်းကောင်းအလုပ်နိုင်တာတွေ့ရပြီး Android deviceတိုင်းမှာတော့ အလုပ်
မလုပ်တဲ့အတွက် သေချာစမ်းကြည့်ဖို့လိုပါတယ်...





Android security apps တွေထဲမှာတော့ အကောင်းဆုံး tool တစ်ခုပါဘဲ...သူ့ရဲ့ siteမှာ download လုပ်ရတာ
လည်း မြန်ပါတယ်... လုံခြုံရေးအတွက် PIN Code ပုံစံနဲ့ အသုံးပြုနိုင်ပြီး Web ပေါ်ကတစ်ဆင့် device ရဲ့တည်နေရာ
အခြေအနေကို ထောက်လှမ်းနိုင်ပါတယ်... အချက်အလက်တွေကို backup ပြုလုပ်တဲ့နေရာမှာလည်း အခြား apps
တွေထက် သာလွန်တာ တွေ့ရပါတယ်...





Myandriod ဖုန်းတွေမှာ သီးသန့်အသုံးပြုဖို့ ဒီဇိုင်းရေးဆွဲထားတဲ့ security tools ဖြစ်ပါတယ်....စမ်းသပ်သုံးစွဲခဲ့တဲ့
ရလာဒ်တွေအရတော့ Android version 4.0 မှာ အသုံးပြုရတာ အကောင်းဆုံးဘဲလို့ ထင်ပါတယ်...Scanစစ်တဲ့
အချိန်တိုင်းမှာ update ဖြစ်မဖြစ်စစ်ဆေးပါလိမ့်မယ်...ဖုန်းပျောက်သွားတဲ့အခါ ကိုယ့်ရဲ့အချက်အလက်တွေ မပေါက်
ကြားနိုင်ဖို့ Mobile Anti-thief ကနေlockပြုလုပ်နိုင်သလို ဖျက်နိုင်စွမ်းလည်းရှိပါတယ်...facebook တို့ Twitterတို့
သုံးကြနေတဲ့ လူတိုင်းအတွက် ဖုန်းကနေ တိုက်ရိုက်အသုံးပြု တဲ့အခါ သင်ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေ
ကို ပေါက်ကြားမှာလည်း စိုးရိမ်စရာမလိုဘူးနော်...





ဒီ Securityကတော့ Malware တွေရဲ့ရန်က ကာကွယ်ပေးပါတယ်...ဖုန်းရဲ့ Home-screenမှာ widgetအနေနဲ့ထား
ကာ အလွယ်တကူအသုံးပြုနိုင်ပါတယ်...passcodeပေးရမှာဖြစ်ပြီး passcode ကို အခြားApp တွေနဲ့မတူဘဲ 10လုံး
အထိ သုံးပေးရမှာ ဖြစ်ပါတယ်...codeကိုလဲ မမေ့ကြနဲ့ဦးနော်...။နောက်ပြီး ကိုယ့်ရဲ့သူငယ်ချင်းက ဖုန်းကိုယူပြီး သင်
မသိအောင် sim card ကို ဖြုတ်ပြီး သုံးခဲ့ရင်တောင် သတိပေးတဲ့ alarmကို ပေးပို့မှာ ဖြစ်ပြီး ဘယ်သူကလဲခဲ့တယ်
ဆိုတာကိုလဲ မှတ်သားထားပါတယ်...ကဲ ဘယ်လောက်ကောင်းလဲနော်...Privacy Advisor ကနေ ဖုန်းရဲ့တည်နေရာကို
ညွန်ပြပေးနိုင်တယ်...လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေက စနစ်ကျတာကြောင့် အသုံးပြုသင့်တဲ့အချက်
ဖြစ်ပါတယ်။                      



                                          
                                                                       စာလုံးပေါင်းမှားတာပါဘဲ ခွင့်လွတ်....

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers