Blogger Widgets

Tuesday, November 27, 2012

Hard disk သန့်ရှင်းရေး


Anonymous : တစ်ချို့ က file ရှင်းမယ် ဆိုပီး %tmp% ထဲက ဟာတွေ ပါလိုက်ဖျက်တယ်.. အဲလို လုပ်တာ မှန်လားဟင် ??
Image Hosting by Picoodle.com

မေးထားတာ တော်တော်တောင် ကြာနေပြီ ကျနော် ပြန်မဖြေဖြစ်သေးတာ ..။ မသိပဲ လုပ်နေမှာထက် စာရင် မေးကြည့် ပြီးမှ လုပ်တာက ပိုကောင်းပါတယ်။ %temp% ဆိုပြီး Run မှာ ရိုက်ထည့်ပြီး ပေါ်လာတဲ့ temporary files တွေကို ဖျတ်ပေးတာ ဖြစ်ပါတယ်။ မှန်ပါတယ် .. pc ကို speed မကျစေဖို့ error နည်းစေဖို့ အတွက် လုပ်ရတဲ့ အထဲမှာ တစ်ခုပါပါတယ်။ Temporary file ဆိုတာကတော့ မိမိ အသုံးပြုနေတဲ့ ဖိုင်တွေကို recovery ပြန်လုပ်ဖို့ အတွက်တော့ အကူအညီပေးပါတယ်။ ဒါပေမယ့် သုံးတာကြာလာတာနဲ့ အမျှ နေရာယူတဲ့ storage space များလာပါတယ်။ ဒီမှာ temporary ရဲ့ အကြောင်း ဖတ်ကြည့်နိုင်ပါတယ်။
တစ်ခြို့ဆို temporary ရယ်၊ cookies ရယ် ဖျတ်ပေးရမယ်ဆိုတာတော့ အသေမှတ်ထားပါတယ်။ ရှာရခက်လို့ desktop မှာတောင် shortcut ထုတ်ထားလိုက်ပါသေးတယ်။ အဲဒီ အထိ ရှာဖျတ်ပေးနေစရာ မလိုပါဘူး။ My Computer ကို ဖွင့်ပါ။ Drive C ကို R-Click လုပ်ပြီး Properties ကိုနှိပ်ပါ။ အောက်ပါအတိုင်း General tab မှာ Disk Cleanup ဆိုတာလေးကိ နှိပ်ပေးလိုက်ပါ။

Image Hosting by Picoodle.com
အောက်ပါအတိုင်း check ပါတယ်။
Image Hosting by Picoodle.com
ပြီးရင်တော့ Disk Cleanup For (C:) ဆိုပြီး ပေါ်လာပါတယ်။ ပေါ်လာသမျှကို လိုက်ကြည့်ကြည့်လိုက်ပါ။ ကျနော် ၀ိုင်းပြထားတာ တွေ့ပါလိမ့်မယ်။ အဲဒါကတော့ ခင်ဗျားတို့ ဖျတ်ချင်နေတဲ့ ဖိုင်တွေပါပဲ … အားလုံးကို check ပေးလိုက်ပြီး Ok နှိပ်လိုက်ပါ။ C: ထဲက မလိုအပ်တာတွေ အကုန်ဖျတ်ပြီး Disk Cleanup လုပ်ပေးပါလိမ့်မယ် … ။
Image Hosting by Picoodle.com
ပြောလက်စနဲ့ ဆက်ပြောလိုက်ပါ့မယ် .. PC speed ကောင်းစေဖို့ လုပ်ပေးရတဲ့ အထဲမှာ Error Check နဲ့ Defragment တို့ ပါပါသေးတယ် .. ။
Image Hosting by Picoodle.com
Error Check ဆိုတာတော့ စာအုပ်စဉ်တစ်ခုကို ခြ မစားအောင်၊ မပျက်စီးအောင် သန့်ရှင်းပေးတာနဲ့ တူပါတယ် ။
Defragment ဆိုတာက စာအုပ်စဉ်မှာ သူ့အမျိုးအစားအလိုက် စာအုပ်တွေ ရှိပါမယ်။ ဘုရားစာအုပ်၊ ကာတွန်းစာအုပ်၊ စသည်ဖြင့်ပေါ့။ ရောထွေးနေရင် ရှာရခက်ပါတယ်။ အချိန်ကြာပါတယ်။ အစီအစဉ်တကျ ထားပေးလိုက်ရင် လိုချင်တာကို ချက်ချင်း ရှာပေးနိုင်လို့ ပိုမိုမြန်စေပါတယ်။ အဲဒီ သဘောပါပဲ။ ဘာလို့ Fragment ဖြစ်တာလည်း ဆိုတော့ ဥပမာ – Hard Disk ထဲကို ဖိုင်တွေ ကူးထည့်ပါတယ်။ ပထမ တစ်ခုက 200 Mb၊ ဒုတိယက 100 Mb နဲ့ တတိယက 50 Mb ဆိုပါစို့။ 1 Gb ရှိတဲ့ hard disk မှာ အောက်ပါအတိုင်း နေရာယူပါတယ်။
Image Hosting by Picoodle.com
ဒုတိယ နေရာက 100 Mb ကို ဖျတ်ပစ်လိုက်တဲ့ အခါမှာ အခုလို နေရာလွတ်အတိုင်း ကျန်ပါတယ်။
Image Hosting by Picoodle.com
စတုတ္ထ ဖိုင် အနေနဲ့ 300 Mb ရှိတဲ့ ဖိုင်တစ်ခုကို ကူးထည့်လိုက်တဲ့ အခါမှာ အခုလို နှစ်နေရာခွဲပြီး ၀င်သွားပါတယ်။
Image Hosting by Picoodle.com
အဲလိုသဘောပဲ ဖြစ်ပါတယ်။ ကူးတာ ဖျတ်တာတွေ များလာတာနဲ့အမျှ Fragment တွေလည်း များလာပါတယ်။ အဲဒါတွေကို နေရာတကျ သူ့အပိုင်းနဲ့ သူ ပြန်စီပေးတာကို Defragment လုပ်တယ်လို့ ဆိုလိုပါတယ်။
အဲဒီခလုပ်လေးတွေ နှိပ်ပြီး လုပ်ပေးရုံပဲပေါ့ ။ Check ကတော့ တစ်ခါတစ်လေ ချက်ချင်း မလုပ်ပေးနိုင်ပါဘူး။ Restart ပြန်လုပ်တဲ့ အခါကျမှ window မတက်ခင် လုပ်ပေးပါလိမ့်မယ်။
Defragment လုပ်ဖို့အတွက် သီးခြား Software တွေလည်း ရှိပါတယ်။ ဘာမှ မသုံးပဲ window မှာပါတာနဲ့ပဲ လုပ်လည်းရပါတယ်။
လေရှည်သွားတဲ့ အတွက် တောင်းပန်ပါတယ်ဗျာ .. မသိသေးတဲ့ သူတွေအတွက် ကျနော်သိသလောက်လေး ပြောပြပေးတာပါ။ မှားယွင်းတာများရှိရင်လည်း ၀င်ရောက် ပြောပေးကြပါဦး ။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers