Blogger Widgets

Thursday, November 22, 2012

Gtalk အတွက် ဘိုင်းရပ်သင်ခန်းစာ





အခု gtalk virus တစ်မျိုးပေါ်နေတယ်၊ virus က ကိုယ့် friend နဲ့ပြောနေတုန်း၊ သူ့ box ထဲကနေ (iew my webcam (private secured connection using privateCam) http://- - - - - - - - - - - - .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊
(မှတ်ချက်။အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို click နှိပ်လိုက်ရင်virus တွေက ကွန်ပျူတာနဲ့ ကိုယ် gtalk account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ account နဲ့ computer က သူနဲ့ပြောတဲ့ gtalk friend တွေဆီကို autochatting လုပ်ပြီးအခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။
သူ့ ရဲ့ ကူးစက်တဲ့ပုံစံက ဒီလိုဗျ... သူက ကိုယ့်ရဲ့ နစ်ထဲမှာရှိတဲ့သူက ကိုယ့်ကိုလှမ်း chat တဲ့ပုံစံမျိုး နဲ့ အောက်ပါအတိုင်း စာပိုဒ် ၃ ခုခွဲပြီး ၃ ခါခွဲတက်လာတယ် မြန်လဲမြန်တယ်ဗျ...
၁ ။ asl please
I am 23 Female, Delhi (India)
and you?

၂ ။ Now search your google in a HYBRID\DYNAMIC way -http://h1.ripway.com/mygoogle0/index.html
၃ ။ View my private cam via secured connection -http://h1.ripway.com/db0/privateCam.exe
အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျလာတယ်။ Run လိုက်ပြီ ဆိုတာနဲ့ အောက်အတိုင်း ဖြစ်လာပါရောဗျာ...။
၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး နစ်ဖွင့်လို့ရအောင် ကာဆာ ချပေးလိမ့်မယ်။(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)
၂။ နစ်ဖွင့်လိုက်မိရင် အဲဒီနစ် အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။(တစ်ခြားနစ်ကို မိမိ ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ )
၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ်ပေးနေလိမ့်မယ်။
၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်။
၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး။

အဲဒီပုံစံနဲ့  Virus စပြီးကူးတော့တာပါပဲ.....
rabbitphyu(wint: (life is beauty ) ဆိုတဲ့mail ၀င်လာရင် Delete လုပ်လိုက်ပါ လုံးဝ(လုံးဝ)မဖွင့်ကြည့်ပါနဲ့ သူငယ်ချင်းတို့ password ခိုးသွားလိမ့်မယ်....
ဒါသူ့ ရဲ့  gmail Address (rabbitphyu@gmail.com) ... ဆော်လေးဆိုပြီး သွား click မလုပ်လိုက်နဲ့ နော်.....
ကျွန်တော်လဲမကြုံဖူးသေးဘူး...ဒါပေမယ့်...
သတိထားမိတော့..ကောင်းတာပေါ့......

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers