Blogger Widgets

Sunday, November 25, 2012

Gtalk ထဲမှာလူရှိန်အောင် Location လိမ်ပြောတဲ့သူတွေကို ဖမ်းကြရအောင်။




Gtalk ထဲမှာချက်ကြတဲ့အခါ တစ်ချို့ တစ်ချို့တွေက ကျွန်မက ကျွန်တော်က ခုစင်္ကာပူမှာကျောင်းတက်နေတာ၊
Uk မှာအလုပ်လုပ်နေတာ၊ အော်ဇီမှာ shopping ထွက်ရင်း လျှောက်လည်နေတာ အစရှိသည်ဖြင့် မြန်မာနိုင်ငံ က
public cafe တစ်ခုခုကနေလျှေက်ပြောနေတဲ့ ကိုကိုတွေ၊ မမတွေကိုခြေရာခံလို့ရပါပြီ။ နောက်ပြီးကိုယ်ပို့လိုက်တဲ့
မေးကိုလဲသူဖတ်မဖတ် စစ်လို့ရပါတယ်။






(သိရှိပြီးသူများအား အားနာပါတယ်။ မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်)

အဆင့် ၁- browser တစ်ခုကေhttp://www.spypig.com/  ဆိုပြီး ဖွင့်လိုက်ပါ။

အဆင့် ၂- spying page ပွင့်လာရင် your email address မှာ သင့် email(or)gmail ကိုရေးထည့်လိုက်ပါ။

အဆင့် ၃- your message title မှာရေးခြင်တာ တစ်ခုရေးလိုက်ပါ။ (ဥပမာ- hi)။

အဆင့် ၄- your spypig tracking image မှာပေးထားတဲ့ ပုံတွေထဲက နှစ်သက်ရာတစ်ပုံ ရွေးလိုက်ပါ။

အဆင့် ၅- number of notifications to receive နေရာမှာ 3 ဆိုပြီးရွေးလိုက်ပါ။

အဆင့် ၆- click to activate my spying ဆိုတာကို click လိုက်ပါ။

(၁ မိနစ်သာသာလောက်စောင့်လိုက်ပါ။ ပုံလေးတစ်ပုံရရှိပါလိမ့်မယ်)




အဆင့် ၇- လက်ရှိဖွင့်ထားတဲ့ browser မှာပဲ new tab တစ်ခုခေါ်ပြီး မိမိ gmil ကိုဖွင့်လိုက်ပါ။
ပြီးရင် compose mail ကိုဖွင့်လိုက်ပါ။


အဆင့် ၈- ပြီးရင်စောစောက spying page မှာရထားတဲ့ပုံလေးကို mouse နဲ့drag ဆွဲယူလာပြီး Gmail ဖွင့်ထားတဲ့
tab နေရာထိဆွဲယူသွားပါ။ gmail ဖွင့်ထားတဲ့ Tab ရောက်တာနဲ့ စောစောကဖွင့်ထားတဲ့ gmail compose mail
ပေါ်လာရင် mail body နေရာမှာ အဲဒီဟိုဘက်ကဆွဲယူလာတဲ့ ပုံလေးကို ကလစ်လွှတ်ချလိုက်ပါ။


အဆင့်၉- ပြီးရင် ခါတိုင်းပို့နေကျပုံစံအတိုင်း ခေါင်းစဉ်တစ်ခုတပ်ပြီး ကို spy လုပ်ခြင်တဲ့သူဆီပို့လိုက်ပါ။






(ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖွင့်လိုက်တာနဲ့  Spypig ကနေ တစ်ဖက်က Mail ဖတ်ပြီးတဲ့
အကြောင်း ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ တစ်ဖက်လူရဲ့ IP လည်း ပါလာပါလိမ့်မယ်။
IP ရပြီဆိုရင် တစ်ဖက်လူကဘယ်နိုင်ငံမှာလဲဆိုတာ ထောက်လှမ်းလို့ရပါပြီ။)




အဆင့် ၁၀-http://www.ip2location.com/free.asp  ဆိုတာကို ဖွင့်လိုက်ပါ။


အဆင့် ၁၁- စောစောကရရှိလာတဲ့ တစ်ဖက်လူရဲ့ IP ကို Enter IP Address(es): နေရာမှာ ရိုက်ထည့်လိုက်ပါ။
(သေချာရိုက်ပါလွဲလို့မရပါ။)


အဆင့်၁၂- Find location ကို click လိုက်ပါ။



(ဒီအဆင့်တွေပြီးပြီ ဆိုရင်တော့ တစ်ဖက်လူက ဘယ်နိုင်ငံကလဲဆိုတာ ဖော်ပြပါလိမ့်မယ်။ )




ဖတ်ရှုမှုအတွက် ကျေးဇူးတင်ပါတယ်။
online ပေါ်မှလိမ်လည်မှုတွေ ကင်းဝေးကြပါစေ။

0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers