ကိုယ့် ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ပုံလေးတွေနဲ့
"Calendar" လေးတွေ ဒီဇိုင်းဖော်ကြည့်ရအောင်နော် ........
ပြုလုပ်ပုံကတော့အဆင့် (၆) ဆင့် ရှိတယ်။
အောက်မှာ ပုံလေးနဲ့နည်းနည်း အသေးစိတ်ပြောပြပါ့မယ်။
စိတ်ဝင်စားတဲ့သူငယ်ချင်းတို့ စမ်းသပ်ကြည့်နိုင်ပါတယ်။

အရင်ဆုံး ဒီလင့် နှိပ်ပြီးသွားလိုက်ပါ။
ရောက်ရင်တော့အပေါ်မှာပေးထားတဲ့ ပုံလေးအတိုင်းပုံလုပ်ပုံအဆင့်( ၆)ဆင့်ကိုတွေ့ပါလိမ့်မယ်
အဆင့်(၁) ။ ။ "Select a format for your free yearly calendar" ဆိုတဲ့နေရာမှာ
မိမိလိုချင်တဲ့ပုံစံကိုရွေးပါ။ သူကရွေးဖို့(၄)မျိုးပေးထားပါတယ် ။ ထက်ထက် ပုံရဲ့နံပါတ်(၁) မှာ
အနီရောင်နဲ့ ရွေးဖို့ပြထားပါတယ် ။
အဆင့်(၂) ။ ။ "Select a year for your free yearly calendar" နေရာမှာ မိမိပြုလုပ်မယ့်
Calendar ရဲ့နှစ်ကိုရွေးချယ်ပေးပါ။ ထက်ထက်ကတော့ အခုနှစ် 2012 ကိုပဲရွေးထားပါတယ်
ကိုယ်ကြိုက်တဲ့နှစ်ကိုရွေးပါ။
အဆင့်(၃)။ ။ "Select a Photo for your free yearly calendar" နေရာမှာ "Browser"
ကိုနှိပ်ပြီး မိမိထည့်ချင်တဲ့ ချစ်သူ သူငယ်ချင်း ရူခင်းပုံ ကို ထည့်လို့ရပါတယ် ။
အဆင့်(၄)။ ။ " Enter a caption for your free yearly calendar" ဆိုပြီးပေးထားတဲ့နေရာ
လေးမှာ ကိုယ့်ပြုလုပ်မဲ့ Calendar လေးမှာကိုယ်ထည့်ချင်တဲ့စာသားလေး တချို့ကိုထည့်ဖို့ပါ။
(English) လိုပဲရမယ်နော်။
အဆင့်(၅)။ ။ "Select a font for your free yearly calendar" နေရာမှာ စောစော က
မိမိရေးလိုက်တဲ့စာသားလေးကို "font" အမျိုးအစားရွေးပေးဖို့ပါ။
အဆင့်(၆)။ ။"Generate your free yearly calendar"ဆိုတဲ့ "Icon" လေး ကို "Click" ပြီး
မိနစ်အနည်းငယ်စောင့်လိုက်ရင် ကိုယ်ကိုတိုင်ဖန်တီးထားတဲ့ "Calendar" လေးရပါပြီနော်။
ထက်ထက် နမူနာအနေနဲ့ ပုံလေးတစ်ပုံလုပ်ပြထားပါတယ်။ နမူနာပုံပေါ့။
0 comments:
Post a Comment