နည်းလေးတစ်ခုကတော့Miscrosoft Office Picture Managerပါ စက်တိုင်းမှာလဲ
ရှိတတ်တယ် ။အရင်ပိုစ်မှာ ပြောဖူးသလို Miscrosoft Excel နဲ့ Miscrosoft Word
ရှိတဲ့ စက်တိုင်းမှာ များသောအားဖြင့် ပါလာတတ်ပါတယ်။အင်စတောလုပ်စဉ်အခါ
ဖြုတ်မထားခဲ့ဘူးဆို ပါလာပါလိမ့်မယ်။ပုံတစ်ပုံကို ပြုပြင်ဖို့ အတွက် ပြင်ချင်တဲ့ပုံကို
Right Click ထောက် Open with ကနေ Ms Office Picture Managerကိုယူပါ
ပြီးရင် အပေါ်က Tool bar မှာ Edit Picture ကိုနှိပ်ပြီး ဖလမ်းဖလမ်း လုပ်လို့ ရပြီ
အသုံးဝင်တဲ့နည်းလမ်း - ၁
ပုံကို ဘယ်ညာပြောင်းလို့ ရပါတယ် လူနှစ်ယောက်ရိုက်ထားတဲ့ပုံဆိုင် ဟိုဘက်ကလူ
ဒီဘက်ရောက်လာပြီး ဒီဘက်ကလူက ဟိုဘက်ကို ရောက်သွားတယ် အခုပြထားတဲ့
မင်းသမီးပုံလိုပဲ ပထမပုံမှာ ငှက်ပျော်သီးကို ညာလက်ကကိုင်ပီး လက်ပတ်နာရီကို
ဘယ်လက်မှာ ပတ်ထားတယ် အဲ့တာကို ပုံထဲကအတိုင်း ပြောင်းလို့ ရတယ် .......။
နောက်တစ်နည်းက ပုံတွေကို ဖြတ်တဲ့နည်းပါ ပုံမှာ သုံးယောက်ဆိုရင် ဘေးကပုံကို
ဖြတ်လိုက်လို့ ရတယ် ။ဘလော့ဂါတွေအနေနဲ့ လည်း ပုံတွေရိုက်ပြီး လိုတဲ့နေရာကို
စိတ်ကြိုက်ဖြတ်နိုင်တယ် ။လွယ်လည်းလွယ်သလို ပေါ့ပါးတဲ့နည်းပါ တခြားနည်းလဲ
ရှိပါသေးတယ် သို့ သော်လည်း ဒါက အဆင်ပြေဆုံး အလွယ်ဆုံးနည်းလမ်းပါ .....။
ကျန်တာတော့ကိုယ့်ဘာသာကိုကလိကြပေတော့ဗျို့.........အဆင်ပြေပါစေ...။
0 comments:
Post a Comment