(၁) My Computer ကို Right Click ထောက်ပြီး Propertires ကိုသွားပါ
(၂)Advance System Setting ကိုနှိပ်ပြီးပေါ်လာတဲ့အထဲမှာ Setting ကိုနှိပ်
(၃)Performance Option မှာAdjust for best performance ရွေး Apply= Ok
ပြီးရင်တော့ အရောင်နဲနဲပြောင်းသွားပါ့မယ် ကွန်ပျူတာကတော့ အရင်ထက်သွက်
လာမှာပါ ဖိုင်တွေဖွင့်တာပဲဖြစ်ဖြစ် ဆော့ဝဲတွေဖွင့်တာပဲဖြစ်ဖြစ်မြန်ပါတယ် ပြဿ
နာ တစ်ခုကwindow7မှာဆိုရင် ဓာတ်ပုံFolder ကိုဖွင့်လိုက်ပုံတွေ မပေါ်တော့ဘူး
စမ်းကြည့်ဖူးလားမသိဘူး ကျုပ်လုပ်တာတော့မရဘူးMedium ပြောင်းလည်းမရဘူး
ပုံမပေါ်တာပြောတာပါ ကလစ်ကြည့်မှပဲပေါ်တော့တာXP မှာဆို View Thumbnail
ပြောင်းမှ ပုံတွေပေါ်တာမလားwindow7မှာတော့အဲ့စနစ်မပါတော့ပဲ Medium တို့ 
Large တို့ ပါ တယ် ပြောချင်တာကတော့Best performance နဲ့ သုံးရင်medium
ပြောင်းလိုက်လည်း ပုံမပေါ်တော့တာကိုပါ နောက်တစ်ခုက ခင်များကွန်ပျူတာ
ကမကောင်းပဲ အရင်တုံးကP4တို့  Processor ကလည်းအခုထွက်တဲ့ i3,i5,i7တို့ 
မဟုတ်ရင်နှေးမှာ ဆိုလိုတာကတော့ဗျာ ဘယ်လောက်တော်တဲ့ စက်ပြင်ဆရာ
ပဲဖြစ်ဖြစ်(ထော်လာဂျီ)ကို (မာစီးဒီးကား)လောက်မြန်အောင် လုပ်မရပါဘူးဗျာ
ဟုတ်တယ်ဟုတ် အဲ့တော့နှေးရင် စိတ်မပျက်နဲ့  အခြေနေကြည့်လုပ် မြန်လာ
မှာပါ နောက်တစ်ခုက စကားစပ်မိလို့  Window7သုံးတဲ့သူတွေက Xp ထက်
error များတယ် Window Explorer Stop working တို့ ဘာတို့ ပေါ့ အစရှိသဖြင့်
error မျိုးစုံတယ် Ram မနိုင်လို့ ဖြစ်မှာwindow7 System Requirement က
RAM 2GB တဲ့ RAM 1GB နဲ့ ဖြစ်သလို တင်ထားတဲ့ သူတွေလည်းရှိပါတယ်
အဲ့လိုလူတွေမှာ ပြဿနာပိုပြီးများတယ် ကိုယ်တိုင်တော့ ဘာမှအဖြစ်မရှိပါဗျား)း)
Window7က Animation ပုံအရှင်တွေကြည့်ရတာXp လောက်အဆင်မပြေဘူး
ကဲလေတော့အတော်ရှည်သွားပြီမြန်အောင်လုပ်ချင်သူကတော့စမ်းကြည့်ပေါ့ဗျာ
ဗဟုသုတရပါတယ်ကျုပ်လည်းလေ့လာနေဆဲဆိုတော့ မှားပါရင်တော့ပညာရှင်များ
ပြင်ပေးပေါ့တစ်ခုပဲထော်လာဂျီကိုမာစီးဒီးလောက်မြန်အောင်ဆရာမောင်ရေလုပ်ပါ
အုံးလို့ ဖိုးခွားတို့ ညီညီတို့မအော်နဲ့ နော်မင်းတို့ ဟာထော်လာဂျီကြီး နာကမာစီးဒီး
လေ..အပျော်သဘောနဲ့ စတာပါဗျာ.............................။
ခင်မင်လေးစားလျှက်.
0 comments:
Post a Comment