Blogger Widgets

Friday, November 23, 2012

အာကာသမှ ကမ္ဘာ့ မြေပြင်ကို ခုန်ချသူ




အာကာသကနေ မြေပြင်ကို တကယ်ပဲ ခုန်ချခဲ့တာ ဖြစ်ပါ တယ်။ အောက်တိုဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သြစတေးလျမှ လေထီးခုန်းသမား Felix Baumgartner မှ လက်စွမ်းပြခဲ့တာ ဖြစ်ပါတယ်။ 

အာကာသယာဉ်ကနေ စတင်ခုန်ချစဉ်ကတော့ အလုံပိတ် ကိုယ်ထည်လေး ပါဝင်နေပါသေးတယ်။ ပေပေါင်း ၁၂၈၀၀၀ အထိ ပို့ဆောင်ပြီးမှ ယင်း ကိုယ်ထည်ကနေ ထွက်ပြီး တကယ်ခုန်ချတာ ဖြစ်ပါတယ်။ ဒီတော့ မြေပြင် အထက်ကနေ မိုင် ၂၄ မိုင် အမြင့်ကနေ လေထီးခုန်တယ်လို့ တရားဝင် အသိမှတ်ပြုလိုက်ပါတယ်။ အမေရိကန် နိုင်ငံ၊ New Mexicoပြည်နယ်က သဲကန္တာရပေါ် ဆင်းသက်ခဲ့ခြင်း ဖြစ်ပါတယ်။ 

သို့ပေမယ့် အာကာသနေ စထွက်ကတည်းက ဘာ စက်တတ်ယာဉ် အထိန်းအကွတ်မှ မပါပါဘူး။ အသက်ရှုရခက်တဲ့၊ အအေးဒဏ်လွန်ကဲပြီး အပူချိန် လုံးဝမရှိတဲ့ လေထုများကို တစ်ဆင့်ပြီး တစ်ဆင့် ခုန်ချလို့ တကယ်ပဲ စွန့်စားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ စွန့်စားမှုကို မိခင်လည်း မျက်ရည်ဝဲစွာ စိုးရိမ် တကြီး အောက်မှာ ကြည့်ရှု နေပါတယ်။ ချစ်သူဖြစ်သူလည်း သေ လုမျောမျောကို ပူပန်ခဲ့ပါတယ်။ သို့ပေမယ့် Felix Baumgartner က သြစတေးလျနိုင်ငံရဲ့  ပရော်ဖန်ရှင်နယ် လေထီးခုန် သမား ဖြစ်ပြီး ယင်းစွန့်စားမှုအါတွက် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ 

သို့ပေမယ့် ယင်းကဲ့သို့ အာကာသကနေ ခုန်ချဖို့ဆိုတာ အတော်ကို ကြီးတဲ့ သတ္တိ ဖြစ်ပါတယ်။ ၁၁ ပေ ၈ပေကျယ်တဲ့ သံကိုယ်ထည်အိမ်က စတင်ထွက်လိုက်စဉ် မျက်လုံးဖွင့် မရပဲ အနည်းငယ့် မေ့မျောခဲ့ပါသေးတယ်။ သို့ပေမယ့် မလျော့သောဇွဲကြောင့် ပြန်လည် အသက်ရှုလာပြီး မြေပြင်ရောက်ဖို့ ၁၀ မိနစ်အလိုမှာ လေထီးဖွင့်နိုင် ခဲ့ပါတယ်။ စုစုပေါင်း အချိန် ၂ နာရီခွဲမက ကြာတယ်လို့ ဆိုပါတယ်။ 

Felix ရဲ့  အံ့မခန်း ရဲစွမ်းသတ္တိကြောင့် ဂင်းနစ်အဖွဲ့က ကမ္ဘာ့အမြင့်ဆုံး လေထီးခုန်ချသူအဖြစ် စံချိန်တင် အသိမှတ်ပြုပေးခဲ့ပါတယ်။ 
---
Ref:AP
Photo courtesy of AP. All Rights Reserved.
Aung Kham (TSJ team)









0 comments:

Post a Comment

Copyright © 2011 Template Doctor . Designed by Malith Madushanka - Cool Blogger Tutorials | Code by CBT | Images by by HQ Wallpapers